Top News

အဋ္ဌမအကြိမ် မြန်မာ-ထိုင်း နှစ်နိုင်ငံ လေတပ်အကြား အလုပ်ရုံဆွေးနွေးပွဲ နေပြည်တော်တွင် ငါးရက်ကြာကျင်းပခဲ့
24htopnews | December 1, 2024 8:12 AM CST

အဋ္ဌမအကြိမ်မြန်မာ့တပ်မတော်(လေ)နှင့် ထိုင်းဘုရင့်လေတပ်တို့အကြား အလုပ်ရုံ ဆွေးနွေးပွဲ (8th MAF-RTAF Air Working Group Meeting)အား ဇွန် ၁၂ ရက်မှ ဇွန်လ ၁၆ ရက်အထိ နေပြည်တော်ရှိ Aureum Palace Hotel တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ထိုင်းဘုရင့်လေတပ်မှ Air Marshal Kidkuan Sadub ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၂ ရက်က မြန်မာနိုင်ငံသို့ နှစ်နိုင်ငံလေတပ်များမှ အစည်းအဝေးကျင်းပရေး အတွင်းရေးမှူးအဖွဲ့များအကြား အကြိုညှိနှိုင်းအစည်းဝေးကို နေပြည်တော်ရှိ Aureum Palace Hotel အစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့သည်။

ထို့နောက် ဇွန် ၁၃ ရက်တွင် အလုပ်ရုံ ဆွေးနွေးပွဲကိုစတင်ကျင်းပခဲ့ရာ နှစ်နိုင်ငံ လေတပ်အစည်းအဝေး သဘာပတိများဖြစ်သည့် မြန်မာ့တပ်မတော်(လေ)မှ စစ်ဦးစီးအရာရှိချုပ်(လေ)နှင့် ထိုင်းဘုရင့်လေတပ်မှ Air Marshal Kidkuan Sadub တို့သည် အဖွင့်အမှာစကားများ အသီးသီးပြောကြားကြကြောင်းသိရသည်။

ယင်းနောက် အစည်အဝေးဆုံးဖြတ်ချက်များအား အတည်ပြုလက်မှတ်ရေး ထိုးကြကာ နှစ်နိုင်ငံလေတပ်မှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက အထိမ်းအမှတ်လက်ဆောင်များ အပြန်အလှန်လဲလှယ်ခဲ့ကြောင်းနှင့် ညနေပိုင်းတွင် မြန်မာ့တပ်မတော်(လေ)က ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းသိရသည်။

ထို့ပြင် ဇွန် ၁၄ ရက်တွင် ထိုင်းဘုရင့်လေတပ်ကိုယ်စားလှယ်အဖွဲ့သည်  နေပြည်တော်ကောင်စီနယ်မြေရှိ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် ဥပ္ပါတသန္တိစေတီတော်သို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး ဆင်ဖြူတော်များကိုကြည့်ရှုလေ့လာခဲ့သည်။

ထိုင်းဘုရင့်လေတပ် ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၅ ရက်တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ ငါးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီးဘုရားနှင့် ဆူးလေစေတီတော်သို့ သွားရောက်ဖူးမြော်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းစျေးသို့ သွားရောက်လှည့် လည်ကြည့်ရှုကာ ညပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းစစ်သံရုံးက တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တပ်မတော်(လေ)မှတာဝန်ရှိသူများ နှင့်အတူတက်ရောက်ခဲ့ပြီး ဇွန်လ ၁၆ ရက် တွင် ထိုင်းလေတပ်ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်လေဆိပ်မှ ပြည်ပလေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားသည်။


READ NEXT
Cancel OK