ရှမ်းပြည်နယ်ရှိ နမ့်စလပ်နှင့် မုံးကျက်ကို MNDAA၊ TNLA အဖွဲ့များက တိုက်ခိုက်နေပြီး လောက်ကိုင်မြို့ထဲရှိ လူနေအိမ်အဆောက်အအုံများ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
နိုဝင်ဘာ ၂၁ ရက် ထိတွေ့ တိုက်ပွဲဖြစ်ပွားမှု အခြေအနေများနှင့်ပတ်သက်၍ ပြောကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ဒီနေ့ ထိတွေ့တိုက်ပွဲ အခြေအနေများအနေနဲ့ကတော့ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းနမ့်စလပ်နဲ့ မုံးကျက် ကျက်မှာ အင်အားအလုံးအရင်းသုံးပြီး MNDAA၊ TNLA သောင်းကျန်းသူတွေအနေနဲ့ တိုက်ခိုက်နေတာရှိပါတယ်။ အဲ့ဒီအဖွဲ့တွေအနေနဲ့ အကျအဆုံးများစွာရှိတယ်ဆိုတာ ကျွန်တော်တို့ သိရပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲဝင်နေသည့် အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များ၊ မှီခို ရဲမေများ အားလုံးကို နိုင်ငံတော်အကြီးအကဲ၊ တပ်မတော်အကြီးအကဲများအားလုံးက အထူးဂုဏ်ပြု လေးစားပါကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေမှာပဲ လောက်ကိုင် နားလေးတစ်ဝိုက်မှာ အဝေးကနေ ပစ်ခတ်ခဲ့တာ ရှိတယ်။ လောက်ကိုင်မြို့ထဲကို ၁၀၇ မီလီမီတာ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့တာ၊ အကြောင်းမဲ့ ပစ်ခတ်ခဲ့တာရှိပါတယ်။ လူနေအဆောက်အအုံများထဲကို ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်” ဟု ပြောကြားသည်။
ထို့အတူ ယခုဖြစ်ပွားနေသည့် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း အချို့နယ်မြေများသည် ရှမ်းလူမျိုးများ အများဆုံးနေထိုင်သည့် နယ်မြေဖြစ်ကြောင်း ၎င်းကပြောကြားသည်။
''TNLA၊ MNDAA များ အနေနဲ့ မြို့ရွာတွေကို တိုက်ခိုက်တယ်။ မြို့ရွာနားမှာရှိတဲ့ စခန်းတွေကို တိုက်ခိုက်တယ်။ ပြီးရင်တော့ ခုနက ကျွန်တော်ပြောခဲ့တဲ့ ရှမ်းလူမျိုးများ ပိုင်ဆိုင်တဲ့ အိမ်တွေ၊ နေရာတွေ၊ ဝင်ရောက်နေရာယူတယ်။ အဲ့ထဲကနေ တပ်စခန်းတွေကို တိုက်ခိုက်တာမျိုးတွေ တွေ့ရပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
အဆိုပါ ကိစ္စရပ်များနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ရှမ်းလူမျိုးများအနေဖြင့်လည်း ရှမ်းပြည်နယ်အတွင်းရှိ အဖွဲ့အစည်းများက နှုတ်ဆိတ်နေခြင်းကို စတင်ပြီးကန့်ကွက်ခြင်းများ၊ သဘောထားထုတ်ဖော်ပြောကြားခြင်း များကို တွေ့ရကြောင်းဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
