သီရိလင်္ကာနိုင်ငံတွင် လေးလအတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီး အယောက် ၄၀ ကျော်သည် COVID-19 ရောဂါကြောင့် သေဆုံးခဲ့ပြီးနောက် အမျိုးသမီးများအနေဖြင့် ကိုယ်ဝန်မဆောင်ကြသေးရန် ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၉ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။
မေလက COVID-19 ကူးစက်ခံရမှုကြောင့် ပထမဆုံး ကိုယ်ဝန်ဆောင်အမျိုးသမီး သေဆုံးမှုဖြစ်ပွားခဲ့သည့် သီရိလင်္ကာနိုင်ငံတွင် ဧပြီလလယ်ပိုင်းက ပြည်တွင်းနှစ်သစ်ကူးပွဲများအတွက် ခရီးသွားလာမှု ကန့်သတ်ချက်များကို ဖြေလျှော့ခဲ့ပြီးနောက် အလွန်ကူးစက်မြန် ဒယ်တာဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ပျံ့နှံ့မှုနှင့် ရင်ဆိုင်နေရသည်။
“ပုံမှန်အားဖြင့် သီရိလင်္ကာမှာ တစ်နှစ်ကို ကိုယ်ဝန်ဆောင်သည် သေဆုံးသူ အယောက် ၉၀ ကနေ ၁၀၀ ကြား ရှိပါတယ်။ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တတိယလှိုင်း စကတည်းက COVID-19 ကူးစက်မှုတစ်ခုတည်းကြောင့်ပဲ ကိုယ်ဝန်ဆောင်သည် သေဆုံးမှုဖြစ်စဉ် ၄၁ ခု စံချိန်တင်ရှိခဲ့ပါတယ်” ဟု အစိုးရ၏ ကျန်းမာရေးကဏ္ဍ မြှင့်တင်ရေးဗျူရိုမှ ညွှန်ကြားရေးမှူး ချစ်ထရာမာလီ ဒီဆေးဗားက အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။
မကြာသေးမီက မင်္ဂလာဆောင်ထားသည့် ဇနီးမောင်နှံများ၊ ကလေးယူရန် ကြိုးပမ်းနေကြသော အမျိုးသမီးများအနေဖြင့် COVID-19 ကူးစက်ခံရနိုင်ခြေ မြင့်တက်မှုကြောင့် တစ်နှစ်ထက်မနည်း ကြာသည့်အချိန်အထိ ကလေးယူမည့်အစီအစဉ်ကို ရွှေ့ဆိုင်းရန်အစိုးရ မီးယပ်သားဖွားဆရာဝန် ဟာရှာအတာပက်တူက တိုက်တွန်းပြောကြားခဲ့သည်။
ကိုယ်ဝန်ဆောင်မိခင် ၅,၅၀၀ ခန့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး ၇၀ ရာခိုင်နှုန်းခန့်ကို ကာကွယ်ဆေးနှစ်လုံး အပြည့်ထိုးနှံပြီးကြောင်း ဒီဆေးဗားက ပြောကြားခဲ့သည်။
ဒယ်တာဗိုင်းရပ်စ်မျိုးကွဲသည် ပြင်းထန်ရောဂါ လက္ခဏာများ ခံစားရနိုင်ခြေ ပိုမိုမြင့်တက်ဖွယ်ရှိကြောင်း သီရီလင်္ကာကျန်းမာရေး တာဝန်ရှိသူများက သတိပေးပြောကြားမှုနှင့်အတူ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံကြရန် ကျွမ်းကျင်သူများက တိုက်တွန်းခဲ့သည်။
လူဦးရေ ၂၁ သန်းရှိသည့် သီရိလင်္ကာတွင် သြဂုတ်လကတည်းက ပြင်းထန်မှုမရှိသော lockdown စည်းမျဉ်းများ ချမှတ်ထားပြီး အစိုးရက ယင်းစည်းမျဉ်းများကို စက်တင်ဘာလလယ်တွင် ရုပ်သိမ်းရန် မျှော်မှန်းထားသည်။
သို့သော် သီရိလင်္ကာနိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကျွမ်းကျင်သူများက အောက်တိုဘာလအစပိုင်းအထိ တင်းကျပ်သော ကန့်သတ်ချက်စည်းမျဉ်းများ ချမှတ်ရန် တောင်းဆိုထားသည်။
လူဦးရေစုစုပေါင်း၏ ထက်ဝက်နီးပါးကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးနှစ်လုံး အပြည့်ထိုးနှံပြီးစီးမှုနှင့်အတူ ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ကို အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်နေသော်လည်း ကူးစက်မှုနှုန်း မြင့်တက်နေသည့် အချိန်အတွင်းဆေးရုံများတွင် ဝန်ပိနေကြသည်။
သီရိလင်္ကာနိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၄၇၅,၀၀၀ နီးပါးရှိပြီး ဗိုင်းရပ်စ်ကြောင့်သေဆုံးသူပေါင်း ၁၀,၅၀၀ ကျော်ရှိသည်ဟု တရားဝင်ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
