Top News

ဟောင်ကောင်တွင် တီအန်မင်ရင်ပြင်ဖြိုခွင်းမှုအတွင်း သေဆုံးခဲ့သူများအတွက် ဆုတောင်းပွဲ စီစဉ်ကျင်းပခဲ့သူများကို ခွဲထွက်ရေး သွေးထိုးလှုံ့ဆော်မှုဖြင့် တရားစွဲဆို
24htopnews | December 1, 2024 12:12 PM CST

၁၉၈၉ ခုနှစ်က တီအန်မင်ရင်ပြင်ဆန္ဒပြမှုကို တရုတ်အစိုးရက ပြင်းထန်စွာ ဖြိုခွင်းခဲ့မှုအတွင်း သေဆုံးခဲ့သူများအတွက် ဟောင်ကောင်ရှိ ပြတိုက်တစ်ခုတွင်ပြုလုပ်ခဲ့သည့် ဝမ်းနည်းအောက်မေ့ဖွယ် ဆုတောင်းပွဲကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ယင်းဆုတောင်းပွဲနောက်ကွယ်မှ အဖွဲ့တစ်ဖွဲ့၏ ခေါင်းဆောင်သုံးဦးကို ခွဲထွက်ရေး သွေးထိုးလှုံ့ဆော်မှုဖြင့် စက်တင်ဘာ ၉ ရက်တွင် တရားစွဲဆိုခဲ့သည်။

တီအန်မင်ဖြိုခွင်းမှုအတွင်း သေဆုံးခဲ့သူများအတွက် အောက်မေ့တမ်းတပွဲများကို စီစဉ်ကျင်းပနေသော Hong Kong Alliance အဖွဲ့မှ ဥက္ကဌ လီချောက်ယန်၊ ဒုဥက္ကဌ အဲလ်ဘတ်ဟိုနှင့် အမျိုးသမီး ဒုဥက္ကဌ ချောင်ဟန်တုန်းတို့သည် ခွဲထွက်ရေး သွေးထိုးလှုံ့ဆော်မှုဖြင့် တရားစွဲဆိုခံခဲ့ရသည်ဟု ယင်းအဖွဲ့ကပြောကြားခဲ့သည်။

တရုတ်မျိုးချစ် ဒီမိုကရေစီလှုပ်ရှားမှု ထောက်ပံ့ရေး ဟောင်ကောင်မဟာမိတ်အဖွဲ့ဟု တရားဝင်အမည်ပေးထားသည့် ယင်းအဖွဲ့သည် ဟောင်ကောင်တွင် ကြီးမားသည့် ဒီမိုကရေစီ ဆန္ဒပြမှုများဖြစ်ပွားပြီးနောက် ၂၀၂၀ ပြည့်နှစ်တွင် တရုတ်အစိုးရက ချမှတ်ခဲ့သည့် အမျိုးသားလုံခြုံရေးဥပဒေဖြင့် ပစ်မှတ်ထားခံခဲ့ရသည့် နောက်ဆုံးအဖွဲ့ဖြစ်ခဲ့သည်။

စက်တင်ဘာ ၉ ရက်တွင် အသစ်ဖွဲ့စည်းခဲ့သည့် အမျိုးသားလုံခြုံရေးရဲတပ်ဖွဲ့မှ အရာရှိများသည် Hong Kong Alliance အဖွဲ့ပိုင် ဆိုင်သည့် June 4 ပြတိုက်ထဲမှ စာရွက်စာတမ်းများနှင့် ပစ္စည်းများကို ယူဆောင်သွားခဲ့ကြသည်။

ယင်းပစ္စည်းများအနက် ကြီးမားသည့် ပြတိုက်လိုဂို၊ ၁၉၈၉ ခုနှစ်က ပေကျင်းတွင် ဒီမိုကရေစီလိုလားသည့် ကျောင်းသားများ၏ လှုပ်ရှားမှုသင်္ကေတဖြစ်သည့် ဒီမိုကရေစီ နတ်သမီးရုပ်တုကို ပုံဖော်ထားသည့် စက္ကူရုပ်တု၊ တီအန်မင်ရင်ပြင်ဖြိုခွင်းမှုအတွင်း သေဆုံးခဲ့သူများအတွက် နှစ်စဉ်ပြုလုပ်သည့် ဖယောင်းတိုင်မီးထွန်းပြီး ဆုတောင်းပွဲများကို ရိုက်ကူးထားသည့် ဓာတ်ပုံများနှင့် အခြားပစ္စည်းကိရိယာများ ထည့်ထားသည့် ဒါဇင်နှင့်ချီသည့် သေတ္တာများ ပါဝင်ခဲ့သည်။

ချောင်နှင့် အခြားအဖွဲ့ခေါင်းဆောင်သုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ပြတိုက်ကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကာ ယင်းအဖွဲ့မှပဥ္စမမြောက်အဖွဲ့ဝင်တစ်ဦးသည် စက်တင်ဘာလ ၉ ရက်တွင် ဖမ်းဆီးခံခဲ့ရသည်။

၎င်းတို့ကို ပြစ်မှုထင်ရှားစီရင်ခံရပါက ထောင်ဒဏ်ခြောက်လအထိ ချမှတ်နိုင်သည့် သက်ဆိုင်ရာအား သတင်းပေးပို့ရန်ပျက်ကွက်မှုဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် ချောင်၊ လီနှင့် ဟိုတို့ကို အများဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၀ နှစ်အထိချမှတ်နိုင်သည့် ခွဲထွက်ရေး သွေးထိုးလှုံ့ဆော်မှုဖြင့် တရားစွဲဆိုခဲ့သည်။

ထို့ပြင် ဟောင်ကောင်ရဲတပ်ဖွဲ့က ယင်းအဖွဲ့ပိုင်ဆိုင်သည့် ဟောင်ကောင်ဒေါ်လာ ၂.၂ သန်းရှိ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခဲ့ကြောင်း စက်တင်ဘာလ ၉ ရက်တွင် အစီရင်ခံစာထုတ်ပြန်ခဲ့သည်။ဟောင်ကောင်တွင် ပြဋ္ဌာန်းခဲ့သည့် တရုတ်၏အမျိုးသား လုံခြုံရေး ဥပဒေအောက်တွင် အတိုက်အခံများ ပြင်းထန်စွာဖိနှိပ်ခံနေရမှုအပေါ် ဝေဖန်မှုများ ထွက်ပေါ်နေသည်။                            


READ NEXT
Cancel OK