ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့်သီတင်းပတ်က အောင်မြင်မှုမရှိခဲ့သည့် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာအား လွှတ်တော်တွင်း အယုံအကြည်မရှိအဆို မဲခွဲဆုံးဖြတ်မှုတွင် ၎င်းအားရှုံးနိမ့်စေရန် ပူးပေါင်းကြံစည်ခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သူတစ်ဦး အပါအဝင် အစိုးရအဖွဲ့ဝင်နှစ်ဦးကို ပရာယွတ်က စက်တင်ဘာလ ၉ ရက်တွင် ရာထူးမှ ထုတ်ပယ်ခဲ့သည်။
ရာထူးမှ ထုတ်ပယ်ခံခဲ့ရသူ နှစ်ဦးအနက် စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနမှ လက်ထောက်ဝန်ကြီးဖြစ်သူ သမ္မာနက်ပရွမ်ပေါင်သည် ၁၉၉၀ ပြည့်နှစ်ကျော် ကာလများအတွင်း ဘိန်းဖြူမှောင်ခိုကူးမှုတွင် ပါဝင်ပတ်သက်မှုဖြင့် သြစတြေးလျနိုင်ငံတွင် ထောင်ဒဏ်လေးနှစ်ကျခံခဲ့ပြီး ယခင်ကတည်းက အမိန့်ဖီဆန်မှုစွဲချက်များနှင့် ရင်ဆိုင်ခဲ့ရသူ ဖြစ်သည်။
ထို့ပြင် ၎င်းသည်ပြည်သူ့ရေးရာ စီမံခန့် ခွဲရေးတွင် ပါရဂူဘွဲ့ကို တရားမဝင်ရယူခဲ့သည့် စွဲချက်အပါအဝင် အခြားအရှုပ်တော်ပုံများနှင့်လည်း ရင်ဆိုင်နေရသည်။ သမ္မာနက်ကမူ စွပ်စွဲချက်အားလုံးကို ငြင်းဆိုခဲ့သည်။
သမ္မာနက်သည် Palang Pracharath ပါတီအတွက် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် အောက်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရပြီး အစိုးရအဖွဲ့တွင် လက်ထောက်စိုက်ပျိုး မွေးမြူရေးဝန်ကြီးအဖြစ် နေရာရလာခဲ့ကာ ဇွန်လတွင်ပါတီ၏ အတွင်းရေးမှူးချုပ် ဖြစ်လာခဲ့သည်။
၎င်း၏ နိုင်ငံရေးလှုပ်ရှားမှု သမိုင်းများကြောင့် ၎င်းအားရာထူးမှထုတ်ပယ်မှုသည် ပရာယွတ်၏ အစိုးရအဖွဲ့ကို ပိုမိုအင်အားတောင့်တင်းစေမည်လော သို့မဟုတ် အားနည်းသွားစေမည်လောဆိုသည့်အချက်ကို ရှင်းလင်းစွာမသိရပေ။
Palang Pracharath ပါတီသည် စစ်တပ်၏ ကျောထောက်နောက်ခံရရှိခဲ့သည့် ပါတီဖြစ်ပြီး ၂၀၁၉ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် စစ်တပ်အကြီးအကဲဟောင်း ပရာယွတ်ကို ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းခဲ့သည့် ပါတီဖြစ်သည်။ပရာယွတ်သည် အာဏာသိမ်းခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အုပ်ချုပ်ခဲ့သည့် စစ်အစိုးရကို ဦးဆောင်ခဲ့သူဖြစ်သည်။
အလုပ်သမားဝန်ကြီးဌာနမှ လက်ထောက်ဝန်ကြီး နာရူမွန်ပင်ယိုစင်ဝတ်သည်လည်း သမ္မာနက်နှင့်အတူ ရာထူးမှထုတ်ပယ်ခံခဲ့ရသည်ဟု စက်တင်ဘာ ၉ ရက်က အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
နာရူမွန်သည် ပြီးခဲ့သည့် သီတင်းပတ်က ပရာယွတ်အား ရာထူးမှဖယ်ရှားရန် အောင်မြင်မှုမရှိခဲ့သည့် အယုံအကြည်မရှိအဆိုမဲခွဲ ဆုံးဖြတ်မှုတွင် ပူးပေါင်းကြံစည်ခဲ့သည်ဟု ထိုင်းမီဒီယာများတွင်ဖော်ပြခဲ့ပြီး ယင်းအကြောင်းအရာအပေါ် ပရာယွတ်နှင့် သမ္မာနက်တို့က တရားဝင် အတည်ပြုခဲ့ခြင်းမရှိပေ။
ဝန်ကြီးချုပ် ပရာယွတ်နှင့်အခြားသော ဝန်ကြီးငါးဦးကို အကျင့်ပျက်ခြစားမှု၊ စီးပွားရေးစီမံခန့်ခွဲမှု ညံ့ဖျင်းမှု၊ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုကို တုံ့ပြန်ဆောင်ရွက်ရာတွင် အလွဲလွဲအချော်ချော်ဖြစ်မှုတို့အတွက် အတိုက်အခံများက စွပ်စွဲပြစ်တင်ခဲ့ကြပြီး လွှတ်တော်တွင် အယုံအကြည်မရှိအဆိုကို မဲခွဲဆုံးဖြတ်ခဲ့သော်လည်း ပရာယွတ်တို့အုပ်စုက မဲအသာနှင့် ကျော်လွှားနိုင်ခဲ့သည်။ပရာယွတ်အား အယုံအကြည်မရှိအဆို မဲခွဲဆုံးဖြတ်မှုကို လွှတ်တော်အမတ် ၂၀၈ ဦးက ထောက်ခံမဲပေးခဲ့ကြပြီး လွှတ်တော်အမတ် ၂၆၄ ဦးက ကန့်ကွက်မဲပေးခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
