Top News

COVID-19 ထပ်တိုး ကာကွယ်ဆေးထိုးနှံမှုကို ၂၀၂၂ ခုနှစ်မတိုင်မီအထိ တရားဝင်ဆိုင်းငံ့ရန် WHO တိုက်တွန်း
24htopnews | December 1, 2024 12:12 PM CST

ကမ္ဘာ့နိုင်ငံများအနေဖြင့် ယခုနှစ်ကုန်မတိုင်မီအထိ COVID-19 ထပ်တိုးကာကွယ်ဆေးများ ထိုးနှံမှု မပြုလုပ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့  (WHO) က စက်တင်ဘာ ၈ ရက်၌ တိုက်တွန်းခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ လူပေါင်း သန်းချီသည် ယခုအချိန်အထိ ဗိုင်းရပ်စ် ကာကွယ်ဆေးတစ်လုံးသာ ထိုးနှံရသေးကြောင်း ထောက်ပြပြောကြားခဲ့သည်။

“ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေး ထောက်ပံ့ဖြန့်ချိမှုတွေကို ထိန်းချုပ်နေတဲ့ဆေးကုမ္ပဏီတွေနဲ့ နိုင်ငံအချို့က ဆင်းရဲချို့တဲ့တဲ့ နိုင်ငံတွေအနေနဲ့ ကာကွယ်ဆေးအကျန်တွေနဲ့ ကျေနပ်သင့်တယ်ဆိုပြီး တွေးထင်နေတဲ့အပေါ် ကျွန်တော်နှုတ်ဆိတ်နေမှာ မဟုတ်ပါဘူး” ဟု WHO အကြီးအကဲ တက်ဒရိုအာဒါ နွန်ဂီဘရီယေဆုက ပြောကြားခဲ့သည်။

ဂျနီဗာရှိ WHO ဌာနချုပ်မှ ပြောကြားသော မိန့်ခွန်း၌ တက်ဒရိုက ချမ်းသာသောနိုင်ငံများနှင့် ကာကွယ်ဆေးထုတ်လုပ်သူများအနေဖြင့် ဆင်းရဲသောနိုင်ငံများရှိ ကာကွယ်ဆေး တစ်လုံးတည်းသာ ထိုးနှံရသေးသောကျန်း မာရေးဝန်ထမ်းများနှင့် ဦးစားပေး လူဦးရေ အတွက်  ကာကွယ်ဆေး ဒုတိယတစ်လုံးကို ဦးစားပေးရန် တိုက်တွန်းပြောကြားခဲ့သည်။

“ကာကွယ်ဆေးနှစ်လုံး အပြည့်ထိုးနှံပြီးတဲ့ ကျန်းမာတဲ့လူတွေကို ထပ်တိုးကာကွယ်ဆေးတွေ ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံပေးတာမျိုး ကျွန်တော်မဖြစ်စေချင်ပါဘူး” ၎င်းင်းကပြောကြားခဲ့သည်။

ချမ်းသာသောနိုင်ငံနှင့် ဆင်းရဲသောနိုင်ငံများအကြား ကာကွယ်ဆေးဖြန့်ချိထိုးနှံမှုသိသိသာသာ မျှတခြင်းမရှိသည့် ပြဿနာရပ်ကို ဖြေရှင်းရန် COVID-19 ထပ်တိုးကာကွယ်ဆေး တတိယတစ်လုံးကို ထိုးနှံပေးနေမှုအား စက်တင်ဘာလကုန်မတိုင်မီအထိ တရားဝင် ဆိုင်းငံ့ရန် WHO က လွန်ခဲ့သည့်လက တိုက် တွန်းပြောကြားခဲ့သည်။

ယင်းကဲ့သို့ တိုက်တွန်းပြီးနောက်ပိုင်း၌ ကမ္ဘာလုံးဆိုင်ရာ အခြေအနေများမှာ အနည်းငယ် အပြောင်းအလဲ ရှိခဲ့သည်ဟု တက်ဒရိုက အသိအမှတ်ပြု ပြောကြားခဲ့သည်။

 “ဒါကြောင့် ဒီကနေ့ (စက်တင်ဘာ ၈ ရက်)မှာ ကျွန်တော် တောင်းဆိုလိုက်တာက ဒီတရားဝင်ဆိုင်းငံ့ချက်ကို အနည်းဆုံးနှစ်ကုန် ပိုင်းမတိုင်မီအထိ ရက်ထပ်တိုးရန် တောင်းဆို လိုပါတယ်”ဟု ၎င်းကပြောကြားခဲ့သည်။

ဝင်ငွေမြင့်သော နိုင်ငံများသည် ဆင်းရဲ သောနိုင်ငံများကို ကာကွယ်ဆေးအလုံးရေ တစ်ဘီလျံကျော် လှူဒါန်းရန် ကတိပြုခဲ့သော် လည်း ယင်းကာကွယ်ဆေးအလုံးရေ၏၁၅ ရာခိုင်နှုန်းအောက်သာ အကောင်အထည် ဖော်လှူဒါန်းနိုင်ခဲ့သည်ဟု တက်ဒရိုက ဆို သည်။ “ကျွန်တော်တို့အနေနဲ့ နောက်ထပ်ကတိကဝတ်တွေ ထပ်မလိုချင်တော့ပါဘူး။ ကာ ကွယ်ဆေးတွေကိုပါ အလိုရှိတာပါ”ဟု၎င်းက ပြောကြားခဲ့သည်။

အမေရိကန်အစိုးရက ထပ်တိုးကာကွယ် ဆေးတတိယတစ်လုံး ထိုးနှံမှုကို တရားဝင် ဆိုင်းငံ့ရန်တောင်းဆိုချက်ကို မျက်ကွယ်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒင်က အမေရိကန်အနေဖြင့် ၎င်း၏ပြည်သူများကို ကာကွယ်ပေးရန် လုပ်ဆောင်နိုင်သမျှ အားလုံးကို  လုပ်ဆောင်ရန် တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။

“ပြည်သူတွေကို ကာကွယ်ပေးနိုင်မယ့် အရာမှန်သမျှ လုပ်နေပြီး နောက်ထပ်လည်း ဆက်လုပ်သွားမှာပါ”ဟုအိမ်ဖြူတော်ပြောခွင့် ရပုဂ္ဂိုလ်ယန်ဆာကီက ဆိုသည်။

 


READ NEXT
Cancel OK