ကမ္ဘာလုံးဆိုင်ရာ COVID-19 ကာကွယ်ဆေး မျှဝေပေးရေး အစီအစဉ်ဖြစ်သည့် COVAX က ယခုနှစ်တွင် ဆင်းရဲသောနိုင်ငံများရှိ လူဦးရေ၏ ၂၀ ရာခိုင်နှုန်းကျော်ကိုကာကွယ်ဆေးထောက်ပံ့ပေးရန် မဖြစ်နိုင်တော့ ကြောင်း စက်တင်ဘာ ၈ ရက်က ပြောကြားခဲ့ပြီး ယင်းသည် ကနဦးကြိုတင်မျှော်မှန်းထားသည့် ကာကွယ်ဆေး ထောက်ပံ့မှုပမာဏ အောက်များစွာလျော့နည်းနေသည်။
လက်ရှိအချိန်၌ ယခုနှစ်အတွင်းဗိုင်းရပ်စ် ကာကွယ်ဆေးအလုံးရေ ၁.၄၅ ဘီလျံ ကိုသာ ဖြန့်ချိထောက်ပံ့နိုင်ရန် မျှော်လင့်ထားကြောင်း COVAX က ဝန်ခံပြောကြားခဲ့ပြီး ယင်းအရေအတွက်သည် ယခုနှစ်ကုန်မတိုင်မီကာ ကွယ်ဆေးအလုံးရေနှစ်ဘီလျံဖြန့်ချိ ထောက်ပံ့ရန် ရည်မှန်းချက်အောက်များစွာ လျော့ကျခဲ့သည်။
ယင်း ကာကွယ်ဆေးအလုံးရေ နှစ်ဘီလျံ ပမာဏ ဖြန့်ချိမှု မျှော်မှန်းချက်ကို ၂၀၂၂ ခု နှစ် ပထမသုံးလပတ်၌သာ ပြည့်မီလိမ့်မည် ဟု လက်ရှိအချိန်တွင် မျှော်မှန်းထားကြောင်း COVAX အစီအစဉ်ကို ကျောထောက်နောက် ခံပြုထားသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊Gavi ကာကွယ်ဆေး မဟာမိတ်နှင့် ကပ်ရောဂါကြို တင်ပြင်ဆင်မှုဆိုင်ရာ တီထွင်ဆန်းသစ်မှုညွန့် ပေါင်းအဖွဲ့(CEPI)က ပြောကြားခဲ့သည်။
ယခုနှစ်၏ ကာကွယ်ဆေးအလုံးရေအ ပြည့် ၁.၂ ဘီလျံသည် COVAX ၏ Advance Market Commitment ပရိုဂရမ် အောက်တွင် ရောက်ရှိမည်ဖြစ်ပြီး ယင်းပရိုဂ ရမ်၏ ရည်ရွယ်ချက်မှာ အလှူရှင်များကလှူ ဒါန်းထားသော COVID-19 ကာကွယ်ဆေး များကို ကမ္ဘာတစ်ဝန်းရှိဆင်းရဲသောနိုင်ငံ ၉၂ နိုင်ငံကို အခမဲ့ဖြန့်ချိပေးရန်ဖြစ်သည်။
“အိန္ဒိယကလွဲပြီး AMC စီးပွားရေး ၉၂ နိုင်ငံလုံးမှာ အရွယ်ရောက်ပြီးသူတွေရဲ့ ၄၀ ရာခိုင်နှုန်း ဒါမှမဟုတ် လူဦးရေရဲ့ ၂၀ ရာခိုင် နှုန်းကို ကာကွယ်ဖို့ အခုဖြန့်ချိတဲ့ ကာကွယ် ဆေး ၁.၂ ဘီလျံဟာ လုံလောက်မှုရှိပါတယ်” ဟု COVAX က ထုတ်ပြန်ခဲ့သည်။
COVAX မိတ်ဖက်များသည်ချမ်းသာသောနိုင်ငံနှင့် ဆင်းရဲသောနိုင်ငံများအကြား COVID-19 ကာကွယ်ဆေးများ ရရှိမှုသိသိ သာသာ မညီမျှခြင်းကို အမြဲတမ်း မကျေမနပ် ဖြစ်နေကြသည်။
“ကမ္ဘာတစ်ဝန်း COVID-19 ကာကွယ် ဆေးတွေ အညီအမျှ ရရှိမှု မရှိတာဟာ လက်ခံနိုင်ဖွယ်မရှိပါဘူး”ဟု ထုတ်ပြန်ခဲ့ပြီး ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနိမ့်သောနိုင်ငံများ၌ လူဦးရေ၏ ငါးပုံတစ်ပုံသာ ကာကွယ်ဆေးတစ် လုံးထက်မနည်း ထိုးနှံရသေးသည့်အချိန်တွင် ချမ်းသာသောနိုင်ငံများတွင်မူ လူဦးရေ၏၈၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပြီးနေကြောင်း နှိုင်းယှဉ်ထုတ်ပြန်ခဲ့သည်။
COVAX သည် ဆင်းရဲသောနိုင်ငံ ၁၃၉ နိုင်ငံသို့ ကာကွယ်ဆေးအလုံးရေ ၂၄၃ သန်း သာ ဖြန့်ချိနိုင်ခဲ့သည်ဟု COVAX အစီအစဉ် အတွက် ကာကွယ်ဆေးပို့ဆောင်မှုအပိုင်းအား ကိုင်တွယ်ဆောင်ရွက်နေသည့် Unicef က ပြောကြားခဲ့သည်။
ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအများစုသည် လက်ရှိအချိန်တွင် COVAX အစီအစဉ်မှကာ ကွယ်ဆေးများ လက်ခံရရှိခဲ့ကြောင်း Covax အမှုဆောင်ချုပ် ဆက်ဘာ့ခ်ကလေက သတင်းထောက်များကို ပြောကြားခဲ့ပြီးယင်း သည် အစပိုင်းသာရှိသေးကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
