Top News

ထောင်ဖောက်ပြေးခဲ့သည့် ပါလက်စတိုင်း ဝရမ်းပြေး ခြောက်ဦးကို တောနင်းရှာဖွေရန် အစ္စရေးက အနောက်ဘက်ကမ်းသို့ စစ်သားအများအပြားစေလွှတ်
24htopnews | December 1, 2024 12:12 PM CST

စက်တင်ဘာ ၈ ရက်က ဂါဇာကမ်းမြောင်တွင် အစ္စရေးအကျဉ်းထောင်မှလွတ်မြောက်လာသူနှစ်ဦး၏ဓာတ်ပုံကို ကိုင်ထားသော ပါလက်စတိုင်း ကင်းထောက်လူငယ်နှစ်ဦးကို တွေ့ရစဉ် (Photo: AFP)

အစ္စရေးနိုင်ငံရှိ ထိပ်တန်းလုံခြုံမှုရှိသော အကျဉ်းထောင်မှ လွတ်မြောက်သွားခဲ့ပြီး နောက် သုံးရက်ကြာ ထွက်ပြေးနေခဲ့သောပါ လက်စတိုင်းခြောက်ဦးကို ရှာဖွေရန် အစ္စရေး သည်စစ်ကူများနှင့် အတူစက်တင်ဘာ ၈ရက် တွင် အသိမ်းပိုက်ခံ အနောက်ဘက်ကမ်းကို အင်အားသုံး ဝင်ရောက်လာခဲ့သည်။

အဆိုပါအမျိုးသားများကို ရှာဖွေရန် ကြိုးစားသည့်အနေဖြင့် အနောက်ဘက်ကမ်း အတွက် အစ္စရေး၏အခေါ်အဝေါ်ဖြစ်သည့် “ဂျူဒီးယားနှင့်ဆာမာရီးယား” တို့အပေါ် အထွေထွေပိတ်ဆို့မှုအား သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့သည်။ ပိတ်ထားမှုသည် အခြေအနေအရ စက်တင်ဘာ ၁၀ ရက်ညသန်းခေါင်အထိ ကြာမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြခဲ့သည်။

အနောက်ဘက်ကမ်းတွင် အကြမ်းဖက် တိုက်ခိုက်မှုများကို ဟန့်တားရန်လည်းကောင်း၊ လွတ်မြောက်အကျဉ်းသားမျာကို ဖမ်းဆီးရာတွင် ကူညီရေးအတွက် အဆိုပါဒေသကို စောင့်ကြည့်နေသည့် အစ္စရေးကာကွယ် ရေးတပ်က လေယာဉ်များ၊ စောင့်ကြည့်တပ် ဖွဲ့များ၊ ချေမှုန်းရေးတပ်ဖွဲ့များနှင့်အတူ အစ္စ ရေးကာကွယ်ရေးတပ်ဖွဲ့များကို ဖြည့်တင်းရန် ကြည်းတပ်အကြီးအကဲ အဗစ်ကိုဟာဗီက ဆုံးဖြတ်ခဲ့သည်။

ထွက်ပြေးလွတ်မြောက်လာသူများကို ထောက်ခံသည့်အနေဖြင့် စက်တင်ဘာ ၈ ရက်နှောင်းပိုင်းတွင် အနောက်ဘက်ကမ်းရှိ မြို့တစ်ချို့၌ ဆန္ဒပြပွဲများကျင်းပခဲ့သည်။

နက်ဗလက်မြို့တွင် အစ္စရေးလုံခြုံရေး တပ်ဖွဲ့များနှင့်ထိပ်တိုက်တွေ့ခဲ့ရာတွင် လူ ငယ်များသည် ကားတာယာများကို မီးရှို့ခဲ့ကြ သည်။ နက်ဗလက်မြို့အနီးတွင် မျက်ရည်ယို ငွေ့များကြောင့် ဆန္ဒပြသူ ၆၀ ဒဏ်ရာရခဲ့ သည်ဟု ပါလက်စတိုင်းလခြမ်းနီ ကြက်ခြေနီ အဖွဲ့က ပြောကြားခဲ့သည်။

ဝရမ်းပြေးခြောက်ဦးကို ထောက်ခံသည့် ဆန္ဒပြပွဲများအား ရာမယ်လာနှင့်အရှေ ့ ဂျေရု ဆလင်တို့တွင် ပြုလုပ်ခဲ့ကြသည်။ အဆိုပါ ၀ ရမ်းပြေးခြောက်ဦးထဲက ငါးဦးမှာ အစ္စလာမ် မစ်ဂျီဟတ်အဖွဲ ့ဝင်များဖြစ်ပြီး တစ်ဦးမှာ သမ္မတ မာမွတ်အဘက်စ်၏လောကီရေးရာ လှုပ်ရှားမှုအဖွဲ  ့ဖာတာမှဖြစ်သည်။

လွတ်မြောက်သွားသူများကိုထောက်ခံသည့် ဆန္ဒပြပွဲများပြုလုပ်နေချိန် အစ္စရေး မြောက်ပိုင်းရှိ ဂီဘိုအာထောင်ကိုဖောက်သွားသော ပါလက်စတိုင်းများ၏အနည်းဆုံးဆွေမျိုး ခြောက်ဦးကို အစ္စရေးတပ်ဖွဲ့များက ဖမ်းဆီးခဲ့ သည်ဟု ပါလက်စတိုင်းအကျဉ်းသားများ အသင်းက အစောပိုင်းတွင် ပြောကြားခဲ့သည်။

ပါလက်စတိုင်းခြောက်ဦးသည် အချုပ်ခန်းထဲက ပန်းကန်ဆေးစင်အောက်တွင် တူးထားသောအပေါက်မှတစ်ဆင့် စက်တင်ဘာ ၆ ရက်တွင် ထောင်ဖောက်ခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့သည် ဇွန်းကိုအသုံးပြုခဲ့ကြသည် ဟု ဆိုသည်။

ဂျူးနိုင်ငံတော်ကိုတိုက်ခိုက်မှုများလုပ် ဆောင်ရာတွင် ပါဝင်ခဲ့ကြသည့်အတွက် အချုပ်ချခံထားရသော အမျိုးသားများ၏အနောက်ဘက်ကမ်းနေရပ်ဖြစ်သည့် ဂျနင်မြို့သို့ စစ်တပ်စေလွှတ်ခြင်း၊ ဒရုန်းများအသုံးပြုခြင်း၊ ကားလမ်းများတွင် စစ်ဆေးရေးဂိတ်များထား ရှိခြင်းတို့ကို အစ္စရေးဘက်က လုပ်ဆောင်လျက်ရှိသည်။ ထောင်ဖောက်မှုနောက်ကွယ် က အဓိကလူများဖြစ်သော မာမွတ်အာဒါတို့ ညီနောင် အဖမ်းခံထားရသည်ဟု ပါလက်စ တိုင်းအကျဉ်းသားများအသင်းက ပြောကြားခဲ့သည်။      


READ NEXT
Cancel OK