Top News

နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာသော အာဖဂန်ဒုက္ခသည်များကို ပါကစ္စတန်က နေရပ်သို ့ပြန်လည်ပို့ဆောင်
24htopnews | December 1, 2024 12:12 PM CST

သြဂုတ် ၁၇ ရက်က  ချာမန်းနယ်စပ်ဂိတ်ကို ဖြတ်သန်းရန် ပါကစ္စတန်-အာဖဂန်နစ္စတန်နယ်စပ်တွင် တန်းစီနေသော အာဖဂန်နိုင်ငံသားများကို တွေ့ရစဉ်

အမျိုးသမီးများနှင့်ကလေးသူငယ်များ အပါအဝင် ပါကစ္စတန်နိုင်ငံထဲသို ့ ဖြတ်ကျော် ဝင်ရောက်လာခဲ့ကြသော အာဖဂန်ဒုက္ခသည် ၂၇၀ ခန့်ကို ၎င်းတို့၏ နိုင်ငံသို့ ပြန်ပို့ခဲ့သည်ဟု စက်တင်ဘာ ၈ ရက်၌ ပါကစ္စတန်တာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့သည်။

မိသားစု ၂၅ စုခန့် ပါဝင်သော အာဖဂန် နိုင်ငံသားများသည် တာလီဘန်တို့ သိမ်းပိုက် ထားသောနိုင်ငံမှ ထွက်ပြေးခဲ့ကြသူများဖြစ်ပြီး နယ်စပ်၏ပါကစ္စတန်ဘက်အခြမ်းရှိ ချာမန်း ဆင်ခြေဖုံးရပ်ကွက်များတွင်ရှိသော တဲများ နှင့် တစ်ဝက်တစ်ပျက်သာပြီးသေးသော အ ဆောက်အအုံများတွင် ဝင်ရောက်နေထိုင်နေ ကြခြင်းဖြစ်သည်။

၎င်းတို့ကို စက်တင်ဘာ ၇ ရက်က နေရပ် ပြန်ပို ့ပေးခဲ့သည်ဟု ချာမန်းဒုတိယရဲမှုူး မူနာဒူရာနီက ပြောကြားခဲ့သည်။

ဆေးပြရန်ကိစ္စများ၊ အလုပ်ကိစ္စများနှင့် နယ်စပ်ရှိ မိသားစုဝင်များကိုတွေ့ဆုံရန်ကိစ္စ များအတွက် တရားဝင် စာရွက်စာတမ်း အထောက်အထားရှိသူများမှလွဲ၍အားလုံးအတွက် မိမိတို့နယ်စပ်ကို ပိတ်လိုက်သည်ဟု ပါကစ္စတန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။

“ပါကစ္စတန်အစိုးရဟာ နိုင်ငံထဲကို တရားမဝင်ဝင်ရောက်လာတဲ့ အာဖဂန်ဒုက္ခသည်တွေနဲ့ပတ်သက်ပြီး သူတို့ရဲ့နိုင်ငံကိုပြန်ပို့ရမယ်ဆိုတဲ့ ပြတ်သားတဲ့ပေါ်လစီ ရှိထားပါတယ်။ အခုချိန်ထိတော့ မိသားစုဝင် ၂၇၀ ကနေ ၂၇၅ ဦးအထိပါဝင်တဲ့ မိသားစု ၅၀ ခန့်ကို သူတို့ရဲ့နိုင်ငံကို ပြန်ပို့ပြီးပါပြီ။ မှတ်ပုံမတင်ဘဲ ပါကစ္စတန်ထဲဝင်လာတဲ့ မိသားစုဝင်တစ်ချို့ကိုလည်း ကျွန်တော်တို့ ပြန်ပို့သွား မှာဖြစ်ပါတယ်။ တရားမဝင်ရွှေ့ပြောင်းတွေကို နိုင်ငံထဲအဝင်ခံမှာမဟုတ်ဘူးဆိုတဲ့ပါကစ္စတန်အစိုးရရဲ့မူဝါဒကတော့ အတူတူပါပဲ” ဟု အာမက်ဒူရာနီက ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နှင့်နယ်စပ်ထိစပ်နေသော ပါကစ္စတန်နိုင်ငံက ဘာလိုချီစတန် ပြည်နယ်၏ မည်သည့်နေရာတွင် မဆိုအာဖဂန်ဒုက္ခသည်များကိုနေရာချထားပေးရန် အာဖဂန်ဒုက္ခသည်များအဖွဲ့ သို့မဟုတ် UNHCR တို့က အစီအစဉ်များလုပ်ပေးထား ခြင်းမရှိကြောင်း ချာမန်းတာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။

နေအိမ်များကို စွန့်ခွာထွက်ပြေးလာကြသော ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားသော အာဖဂန်ပြည်သူ ၁.၄ သန်းကျော်ကို ပါကစ္စတန်က လက်ခံထားသည်ဟု UNHCR ၏ထုတ်ပြန်ချက်အရ သိရသည်။

အာဖဂန်နစ္စတန်တွင် မိုးခေါင်ခြင်းနှင့် စစ်ပွဲတို့ကြောင့် ပြည်သူ ၅.၅ သန်းအိုးအိမ် စွန့်ခွာပြေးခဲ့ရသည်။ အဆိုပါထွက်ပြေးခဲ့သူ များတွင် ၂၀၂၁ခုနှစ်အတွင်း ထပ်မံထွက်ပြေးခဲ့သူ ၅၅၀,၀၀၀ ကျော်လည်းပါဝင်သည်ဟု ရွှေ့ပြောင်းများဆိုင်ရာ နိုင်ငံတကာအဖွဲ့က ၏ထုတ်ပြန်ချက်အရ သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံ၏ လတ်တလော အခြေအနေကြောင့် ဒုက္ခသည်အဖြစ် ခိုလှုံလိုသော အာဖဂန်မိသားစုအများအပြားသည် ပါကစ္စတန်သို့လာရန် ကြိုးစားနေကြကြောင်း၊ သို့ရာတွင် ပါကစ္စတန်အစိုးရက ၎င်းတို့ကို ပြန်ပို့နေခြင်းမှာ မမျှတကြောင်း ချာမန်းသတင်းစာအသင်း၏အဖွဲ့ဝင် ဂျက်ဖာခန်အာချက်ဇိုင်က ပြောကြားခဲ့သည်။

“အဲဒီအာဖဂန်မိသားစုတွေက သူတို့ရဲ့ နိုင်ငံမှာအခြေအနေဆိုးနေတာကြောင့် ထွက်ပြေးလာကြရတာဖြစ်တယ်လို့ မီဒီယာတွေကို ပြောပြနေကြပါတယ်။ ပါကစ္စတန်အနေနဲ့ အဲဒီပြဿနာကိုရှင်းရမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။            

                                                  


READ NEXT
Cancel OK