ဘရာဇီးနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒုတိယလှိုင်းနှင့် ရင်ဆိုင်နေရကြောင်း ပါရဂူများက သတိပေးထားစဉ် နိုင်ငံတွင်း၌ COVID-19 ကပ်ရောဂါကြောင့် သေဆုံးသူအရေအတွက်စုစုပေါင်းမှာ ဒီဇင်ဘာ ၁၁ ရက်တွင် ၁၈၀,၀၀၀ ကျော်သွားခဲ့သည်။
ဒီဇင်ဘာ ၁၁ ရက် တစ်နေ့တည်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၄,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၆၇၂ ဦးရှိခဲ့ကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ နိုင်ငံအတွင်း ကပ်ရောဂါ ကူးစက်ဖြစ်ပွားချိန်မှစ၍ ဒီဇင်ဘာ ၁၁ ရက်အထိ သေဆုံးသူစုစုပေါင်း ၁၈၀,၄၃၇ ဦး ရှိလာခဲ့ခြင်းကြောင့် ဘရာဇီးနိုင်ငံသည် ကမ္ဘာပေါ်တွင် အမေရိကန်ပြီးပါက COVIDw-19 ရောဂါဖြင့် သေဆုံးသူ ၁၈၀,၀၀၀ ကို ကျော်လွန်သွားသည့် ဒုတိယမြောက်နိုင်ငံဖြစ်လာခဲ့သည်။
သြဂုတ်လနှောင်းပိုင်းမှ နိုဝင်ဘာလ အစောပိုင်းအတွင်း ရောဂါပိုးကူးစက်မှုနှင့် လူသေဆုံးမှုနှုန်း လျော့နည်းသွားခဲ့သော်လည်း လတ်တလောတွင်မူ ကူးစက်မှုနှင့် သေဆုံးမှုနှုန်းသည် သိသိသာသာ ပြန်လည်မြင့်တက်လာနေသည်။
ကျန်းမာရေးအကျပ်အတည်းကို အရေးမထားသည့် ပြောကြားချက်များကြောင့် ယခုသီတင်းပတ်အတွင်း ဘရာဇီးသမ္မတ ဘော်ဆွန်နာရိုမှာ အတိုက်အခံများ၏ ဝေဖန်ပြစ်တင်မှုနှင့် ရင်ဆိုင်နေရသည်။
ဘရာဇီးနိုင်ငံတွင် ကပ်ရောဂါကူးစက်ဖြစ်ပွားနေမှု အဆုံးသတ်တော့မည်ဖြစ်ကာ အခြားသောနိုင်ငံများနှင့် ယှဉ်ပါက ဘရာဇီး အစိုးရအဖွဲ့ဆောင်ရွက်သော ကပ်ရောဂါ ကိုင်တွယ်ဖြေရှင်းမှုသည် အကောင်းဆုံးသို့မဟုတ် အကောင်းဆုံးထဲတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း လယ်ယာစွန်းရောက်နိုင်ငံရေးသမား ဘော်ဆွန်နာရိုက ဒီဇင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
သမ္မတ၏ပြောကြားချက်ကို ကျန်းမာရေးပါရဂူများက ကန့်ကွက်ခဲ့ကြပြီး ဘရာဇီးရှိ ပြည်သူ့ကျန်းမာရေး သုတေသနစင်တာ Fiocruz မှ သုတေသနပညာရှင်တစ်ဦးဖြစ်သော ခရစ်တိုဗမ်ဘာဆယ်လိုက “သမ္မတရဲ့ ပြောကြားချက်က မှားနေပါတယ်။ ဘရာဇီးနိုင်ငံမှာ ကပ်ရောဂါကူးစက်ဖြစ်ပွားမှု အဆုံးသတ်တော့မယ်ဆိုတဲ့ အတွေးကို သူဘယ်ကနေ ရလာလဲတော့ မသိဘူး။ ဘယ်အချက်အလက်ကမှ အဲ့လိုဖော်ပြမနေဘူး” ဟု ပြောကြားခဲ့သည်။
ကမ္ဘာ့တောင်ဘက်ခြမ်း၏ နွေရာသီကာလနှင့် အားလပ်ရက်ကာလများကြောင့် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု အခြေအနေသည် ပိုမိုဆိုးရွားလာနိုင်ကြောင်း၊ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် စီမံဆောင်ရွက်ချက်များ မရှိခြင်း၊ လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေရေးစည်းမျဉ်း လျော့ရဲနေခြင်းနှင့်အတူ ပြည်သူများ၏ သွားလာလှုပ်ရှားမှုလည်း မြင့်တက်လာလိမ့်မည်ဖြစ်ကြောင်း ဘာဆယ်လိုက ဆိုသည်။
ဇွန်လမှ သြဂုတ်လအတွင်း တစ်နေ့လျှင် COVID-19 ရောဂါဖြင့် သေဆုံးသူ ၁၀၀၀ ကျော်ရှိခဲ့သော ဘရာဇီးနိုင်ငံသည် နိုဝင်ဘာလတွင် နေ့အလိုက်သေဆုံးသူအရေအတွက်ကို ၃၀၀ ခန့် လျှော့ချနိုင်ခဲ့သည်။ သို့သော် ယခုသီတင်းပတ်တွင် နေ့အလိုက် သေဆုံးသူအရေအတွက်မှာ ၈၀၀ အထက်သို့ ပြန်လည်မြင့်တက်ခဲ့သည်။
ဘရာဇီးနိုင်ငံ၏ ပြည်နယ် ၂၇ ခုထဲမှ ပြည်နယ်ခုနစ်ခုတွင်ရှိသော အထူးကြပ်မတ်ကုသဆောင်များတွင် တက်ရောက်ကုသနေသည့် လူနာအရေအတွက်မှာ ၉၀ ရာခိုင်နှုန်းကျော်ရှိနေပြီး ရောဂါကာကွယ်ရေးလုပ်ငန်းများ မနိုင်မနင်းဖြစ်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
