အိန္ဒိယသည် လာမည့်ခြောက်လမှ ရှစ်လအတွင်း ထိခိုက်နစ်နာမှုကို ခံရနိုင်ခြေ အရှိဆုံးသူများအား ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး သန်း ၆၀၀ ဖြန့်ဖြူးရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စီမံချက်ကို ဦးဆောင်သော ပညာရှင်တစ်ဦးက ဒီဇင်ဘာ ၁၂ တွင် ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး ဝန်ကြီးချုပ် နရင်ဒရာမိုဒီကို အကြံပေးနေသော ပညာရှင်အဖွဲ့ကို ဦးဆောင်သည့် ဗီကေပေါလ်က အိန္ဒိယအစိုးရသည် အပူချိန် ၂ ဒီဂရီဆဲစီးရပ်စ်မှ ၈ ဒီဂရီဆဲစီးရပ်အတွင်း ထိန်းသိမ်းထားနိုင်သည့် အအေးခန်းတွဲများကို အဆင်သင့်ပြင်ထားကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ရရှိရန် ကြိုးပမ်းနေပြီး အလားအလာရှိ ကာကွယ်ဆေး လေးမျိုးခန့်ရှိကြောင်း ရိုက်တာနှင့်အင်တာဗျူးတွင် ပေါလ်က ပြောကြားခဲ့သည်။ Serum ၊ Bharat ၊ Zydus ၊ Sputnik စသည့် ကာကွယ်ဆေး လေးမျိုးသည် သာမန်အအေးခန်းများတွင် သိုလှောင်ဖြန့်ဖြူးနိုင်သောကြောင့် အစိုးရ၏ပြင်ဆင်ထားမှုများသည် ထိုဆေးများအတွက် လုံလောက်မှု ရှိကြောင်း ၎င်းက ဆိုခဲ့သည်။
ကမ္ဘာတွင် ကာကွယ်ဆေး အများဆုံး ထုတ်လုပ်သည့် Serum Instiute of India သည် AstraZeneca ၏ ကာကွယ်ဆေးကို ထုတ်လုပ်ပေးနေပြီ ဖြစ်သည်။ အိန္ဒိယ၏ဇီဝနည်းပညာကုမ္ပဏီများဖြစ်သော Bharat Biotech နှင့် Zydus Cadila တို့ကလည်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ထုတ်လုပ်နေပြီ ဖြစ်သည်။ အိန္ဒိယဆေးထုတ်လုပ်ရေးလုပ်ငန်းကြီးဖြစ်သော Hetero သည် ရုရှားနှင့်ပူးပေါင်းပြီး Sputnik V ကာကွယ်ဆေးကို သန်း ၁၀၀ ကျော် ထုတ်လုပ်ရန် ပြီးခဲ့သည့်လက သဘောတူညီထားခဲ့သည်။
သီးခြားလွတ်လပ်သော ဆေးဝါးထိန်းချုပ်ကွပ်ကဲရေးအဖွဲ့က ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အရေးပေါ်သုံးအတွက် မကြာမီ ခွင့်ပြုချက်များ ထုတ်ပေးနိုင်မည်ဟု မျှော်လင့်ထားကြောင်း ပေါလ်က ပြောကြားခဲ့သည်။ သို့သော်လည်း အိန္ဒိယအစိုးရသည် စျေးနှုန်းနှင့် မှာယူမည့်အရေအတွက်အတွက် ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေ။
လောလောဆယ်တွင် အိန္ဒိယဆေးဝါး ထိန်းချုပ်ကွပ်ကဲရေးအဖွဲ့သည် ကာကွယ်ဆေး သုံးမျိုးကို အရေးပေါ်သုံးအတွက် ခွင့်ပြုရန် စဉ်းစားနေပြီး Pfizer ၊ AstraZeneca ၊ Bharat Biotech တို့မှ ဆေးများ ပါဝင်နေသည်။ သို့သော်လည်း Pfizer ၏ ကာကွယ်ဆေး လက်ကျန်အကန့်အသတ်ရှိမှုနှင့် သုညအောက် ၇၀ ဒီဂရီဆဲစီးရပ်စ်တွင် သိမ်းဆည်းထားရန် လိုအပ်မှုကြောင့် Pfizer ၏ ဆေးကို အိန္ဒိယက အသုံးပြုနိုင်ရန် အခြေခံအဆောက်အအုံလိုအပ်ချက် အကန့်အသတ်ရှိနေသည်။
အစိုးရအနေနှင့်လက်ငင်းဆောင်ရွက်ရမည့် တာဝန်မှာ အသက်များ ကယ်တင်ရန်ဖြစ်ပြီး ကာကွယ်ဆေးအစီအစဉ်၏ ပထမအသုတ်တွင် လူသန်း ၃၀၀ ကို ကာကွယ်ဆေးထိုးပေးရန် ပြင်ဆင်ထားကြောင်း ပေါလ်က ပြောကြားခဲ့သည်။
အသက် ၅၀ အထက် လူဦးရေ သန်း ၂၆၀ ၊ ရောဂါအပြင်း အခံရှိသော အသက် ၅၀ အောက် လူ ၁၀ သန်း၊ ရောဂါပိုး ကူးစက်နိုင်ခြေ မြင့်မားသည့်အခြေအနေတွင် လုပ်ကိုင်နေကြသော ကျန်းမာရေး လုပ်သား သန်း ၃၀ ကို ပထမအသုတ်တွင် ကာကွယ်ဆေး ထိုးပေးရန် အိန္ဒိယအစိုးရက စီစဉ်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
