ခရစ္စမတ်ပွဲတော်ကာလအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို တားမြစ်သည့်စည်းမျဉ်းများအား လိုက်နာရန် ပျက်ကွက်လျင် ခရစ္စမတ်ပွဲတော်သည် ဝမ်းနည်းမှုပွဲတော်အဖြစ် ပြောင်းလဲသွားနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တက်ဒရိုအာဒါနွန် ဂီဘရီယေဆုက ဒီဇင်ဘာ ၁၁ ရက်၌ သတိပေးပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်မှာ မြင့်တက်နေပြီး ပြည်သူများအနေဖြင့် ၎င်းတို့၏ ခရစ္စမတ်အစီအစဉ်များနှင့် ပတ်သက်ပြီး ဂရုပြုစဉ်းစား သုံးသပ်ကြရန် တက်ဒရိုက တိုက်တွန်းခဲ့သည်။
“ ပွဲတော်ရာသီဟာ အနားယူပြီး ပျော်ပွဲရွှင်ပွဲ ကျင်းပရတဲ့အချိန်ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေဖြင့် မှန်ကန်တဲ့ကြိုတင်သတိပေးချက်တွေကို လိုက်နာဖို့ပျက်ကွက်မယ်ဆိုရင် ဒီပွဲတော်ကြီးဟာ ဝမ်းနည်းဖွယ်ပွဲတော်အဖြစ် အလျင်အမြန်ပြောင်းလဲသွားနိုင်ပါတယ်” ဟု တက်ဒရိုက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
“ လာမယ့်သီတင်းပတ်တွေမှာ ပျော်ပွဲရွှင်ပွဲကျင်းပဖို့ ပြင်ဆင်နေတယ်ဆိုရင် ခင်ဗျားတို့ရဲ့အစီအစဉ်တွေကို ကျေးဇူးပြုပြီး ဂရုတစိုက်ပြန်စဉ်းစားစေချင်ပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းမြင့်တဲ့နေရာတွေမှာ နေတဲ့သူဆိုရင် ခင်ဗျားနဲ့အခြားသူတွေရဲ့ ဘေးကင်းမှုအတွက် သတိပေးချက်တိုင်းကို လိုက်နာပေးကြပါ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
“ ဒီအချိန်မှ ခင်ဗျားတို့ပေးနိုင်တဲ့အကောင်းဆုံးလက်ဆောင်ကတော့ ကျန်းမာရေးလက်ဆောင်ပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ကမ္ဘာတစ်ဝန်းတွင်လွန်ခဲ့သည့်သီတင်းပတ်ခြောက်ပတ်ကျော်အတွင်း ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၆၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု တက်ဒရိုက ဆိုသည်။
သို့ရာတွင်အချို့ဒေသများသည် အခြားဒေသများထက် ဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ပိုမိုမြင့်တက်နေသည်ဟု WHO ၏ ရောဂါဗေဒပညာရှင် မာရီယာဗန်ကာခိုဗာက ပြောကြားခဲ့သည်။
လွန်ခဲ့သည့်သီတင်းခြောက်ပတ်ကျော်အတွင်း WHO ၏ ဥရောပဒေသတွင် သီတင်းတစ်ပတ်အတွင်း သေဆုံးသူ ၁၀၀ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ပြီး အမေရိကတွင် ၅၄ ရာခိုင်နှုန်းနှင့် အာဖရိကတွင် ၅၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။
“ ဗိုင်းရပ်စ်ဟာ ကမ္ဘာ့နေရာအများစုမှာ အန္တရာယ်ရှိတဲ့အခြေအနေအဖြစ် ဆက်လက်လည်ပတ်နေသေးတယ်” ဟု မာရီယာက ဆိုသည်။
ဗြိတိန်သည် ယခုသီတင်းပတ်အတွင်း ဗိုင်းရပ်စ်ကာကွယ်ဆေး စတင်ထိုးနှံခဲ့ပြီးနောက် တက်ဒရိုက ဘေးကင်းပြီးထိရောက်မှု ရှိသည့် ဗိုင်းရပ်စ်ကာကွယ်ဆေးများကို ထုတ်လုပ်နိုင်မှုသည် အံ့အားသင့်ဖွယ်ကောင်းသော သိပ္ပံပညာရပ်၏ အောင်မြင်မှုတစ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
WHO ၏ COVAX အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ဗိုင်းရပ်စ်ကာကွယ်ဆေးသုံးမျိုး၏ ထိုးဆေး တစ်ဘီလျံ နီးပါးခန့် အာမခံချက်ရှိသည်ဟု တက်ဒရိုက ဆိုသည်။
“ ကပ်ရောဂါခရီးကြမ်းကြီးကို အဆုံးသတ်နိုင်မယ့်အလင်းရောင်ကို မြင်တွေ့နေပါပြီ။ လာမယ့်နှစ်မှာ အလားတူကပ်ရောဂါမျိုး ထပ်မံဖြစ်ပေါ်လာနိုင်တဲ့အကြောင်းပြချက် မရှိပါဘူး။ ဘာလို့လဲဆိုတော့ဒီကပ်ရောဂါကို ဘယ်လိုအောင်နိုင်ရမလဲဆိုတာ ကျွန်တော်တို့ သိရှိထားပြီလို့ဖြစ်တယ်” ဟု WHO ၏ အကြီးတန်းအကြံပေး Burce Aylward က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
