မန်ယူအသင်း၏ တောင်ပံကစားသမား စီရော်နယ်လ်ဒိုက ဗီလာရီးယဲလ်အသင်းကို အနိုင်ကစားခဲ့ပြီးနောက် နောက်တစ်ဆင့်သို့တက်ရန် အခြေအနေမှာ ပိုမိုဖြစ်နိုင်သွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၂)အဖြစ် ဗီလာရီးယဲလ်အသင်းကို အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်တွင် လက်ခံကစားခဲ့ရာ စီရော်နယ်လ်ဒို၏ နောက်ကျအနိုင်ဂိုးဖြင့် (၂-၁)ဂိုးဖြင့် အနိုင်ရခဲ့သည်။
အဆိုပါပွဲစဉ်တွင် အနိုင်ဂိုးသွင်းယူခဲ့သည့် စီရော်နယ်လ်ဒိုက မိမိတို့အသင်းအနေဖြင့် ချန်ပီယံလိဂ်တွင် ရှုံးထွက် (၁၆)သင်းအဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
စီရော်နယ်လ်ဒိုက "ကျွန်တော်တို့ အသင်းက ဒီနေ့ပွဲမှာသာ (၃)မှတ်မရခဲ့ဘူးဆိုရင် နောက်တစ်ဆင့်ကိုတက်ဖို့က အရမ်းခက်ခဲသွားနိုင်ပါတယ်။ ဒါပေမဲ့ အခုတော့ အရာအားလုံး ဖြစ်နိုင်ခြေရှိသွားပြီ။ အားလုံးကို မျှော်လင့်နိုင်ပါပြီ။ ကျွန်တော်တို့အားလုံးလည်း အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်နေပါပြီ"ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ချန်ပီယံလိဂ်အုပ်စု (F)တွင် (၂)ပွဲကစားပြီးချိန်၌ (၁)ပွဲနိုင်၊ (၁)ပွဲရှုံးဖြင့် အဆင့် (၃)နေရာတွင် ရပ်တည်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
