မန်စီးတီးနည်းပြ ဂွါဒီယိုလာက လီဗာပူးလ်အသင်းသည် မိမိကို ပိုကောင်းသည့်နည်းပြ ဖြစ်လာစေကြောင်း ပြောကြားခဲ့သည်။
မန်စီးတီးနှင့် လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်နောက်ဆုံး (၄)ရာသီတွင် ချန်ပီယံဆုများကို သိမ်းပိုက်နိုင်ခဲ့ပြီး မန်စီးတီးအသင်းက ချန်ပီယံဆုကို (၃)ကြိမ်နှင့် လီဗာပူးလ်အသင်းက ချန်ပီယံဆုကို (၁)ကြိမ် ရယူထားနိုင်ခဲ့သည်။
လီဗာပူးလ်နှင့် မန်စီးတီးအသင်းတို့သည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၆)အပြီးတွင်လည်း အဆင့်(၁)နှင့် အဆင့်(၂)နေရာများတွင် ပရီးမီးယားလိဂ်ပွဲစဉ် (၇)အဖြစ် တနင်္ဂနွေနေ့(အောက်တိုဘာ ၃ ရက်)တွင် အန်ဖီးလ်ကွင်း၌ ကစားရမည်ဖြစ်သည်။
လီဗာပူးလ်အသင်းနှင့် ကစားမည့်ပွဲအတွက် ပွဲကြိုမီဒီယာတွေ့ဆုံမှုတွင် ဂွါဒီယိုလာက လီဗာပူးလ်အသင်းသည် မိမိကို ပိုကောင်းသည့်နည်းပြ ဖြစ်လာအောင် ပြုလုပ်ပေးသည်ဟု ဆိုခဲ့ခြင်းဖြစ်သည်။
ဂွါဒီယိုလာက "ယာဂန်ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းက ကျွန်တော့်ကို ပိုကောင်းတဲ့ နည်းပြဖြစ်အောင် ကူညီပေးပါတယ်။ သူ(ကလော့ပ်)က ကျွန်တော့်ကို နောက်တစ်ဆင့်ရောက်အောင်၊ ပိုကောင်းတဲ့နည်းပြဖြစ်အောင်၊ ကိုယ့်ကိုယ်ကို သက်သေပြနိုင်အောင် ကူညီပေးပါတယ်။ ဒါကြောင့် ဒီလောကမှာ ကျွန်တော် ဆက်ရှိနေတာပါ။ ကျွန်တော် မန်စီးတီးအသင်းကို ရောက်ကတည်းက (ပထမဆုံးရာသီဖြစ်ချင်မှလည်း ဖြစ်မှာပါ) လီဗာပူးလ်အသင်းက ကျွန်တော်တို့နဲ့အတူ ထိပ်ဆုံးမှာ အမြဲရှိနေတာပါ။ ပြီးခဲ့တဲ့(၄)နှစ်အတွင်း အချိန်တိုင်းလိုလို ကျွန်တော်တို့ ထိပ်ဆုံးနေရာကို လုခဲ့ကြတာပါ။ ဒါက နှစ်သင်းစလုံးအတွက် ဂုဏ်ယူစရာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်မှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်တာ တစ်သင်း၊ နှစ်သင်းတည်း မဟုတ်ဘဲ အသင်းပေါင်းများစွာ ရှိပါတယ်"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
