လီဗာပူးလ်အသင်း၏ နောက်ခံလူ အာနိုးလ်သည် မန်စီးတီးအသင်းနှင့် ယှဉ်ပြိုင်ရမည့်ပွဲကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။
လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၇)အဖြစ် အောက်တိုဘာ(၃)ရက်(တနင်္ဂနွေနေ့)တွင် မန်စီးတီးအသင်းကို အိမ်ကွင်း အန်ဖီးလ်၌ လက်ခံကစားရမည်ဖြစ်သည်။
အသက် (၂၂)နှစ်အရွယ်ရှိ အင်္ဂလန်နောက်ခံလူ အာနိုးလ်သည် လေ့ကျင့်ရေးကွင်းတွင် ကြွက်သားဒဏ်ရာရရှိခဲ့ပြီး ယင်းဒဏ်ရာကြောင့် ပေါ်တိုအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲကို လွဲချော်ခဲ့သလို၊ မန်စီးတီးနှင့် ရင်ဆိုင်ရမည့် ပရီးမီးယားလိဂ်ပွဲကိုလည်း လွဲချော်ရမည့် အခြေအနေဖြစ်နေသည်။
လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က "အာနိုးလ်နဲ့ သီယာဂိုတို့ မန်စီးတီးနဲ့ပွဲမှာ ပါဝင်နိုင်ဖို့ ကြံ့ခိုင်မှုမပြည့်ဝပါဘူး။ ဒါပေမဲ့ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ သူတို့ ပြန်ကစားနိုင်ဖို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။
အာနိုးလ်နှင့် သီယာဂိုတို့သည် လက်ရွေးစင်အသင်းများမှလည်း ချန်လှပ်ခံခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
