အာဆင်နယ်အသင်းသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဆီဗီလာတိုက်စစ်မှူး အန်နက်ဆီရီကို ခေါ်ယူရန်အတွက် အသင်းတိုက်စစ်မှူး လာကာဇက်ကို အလိုက်ပေးကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရှိရသည်။
အသက် (၂၄)နှစ်အရွယ်ရှိ မော်ရိုကိုလက်ရွေးစင်တိုက်စစ်မှူး အန်နက်ဆီရီသည် ဆီဗီလာအသင်းတွင် (၂)ရာသီကျော်ကာလအတွင်း ပြိုင်ပွဲစုံ (၈၅)ပွဲတွင် (၃၃)ဂိုး သွင်းယူထားသည်။
အာဆင်နယ်နည်းပြ အာတီတာသည် အသင်းတိုက်စစ်ပိုင်းကို အားဖြည့်ရန်အတွက် အန်နက်ဆီရီကို သဘောကျနေပြီး ၎င်း၏ပြောင်းရွှေ့ကြေးမှာ ပေါင် (၃၈.၅)သန်းဖြစ်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
ထို့ကြောင့် အာဆင်နယ်အသင်းသည် အန်နက်ဆီရီကို ခေါ်ယူရန်အတွက် အသင်းတိုက်စစ်မှူးတစ်ဦးဖြစ်သူ လာကာဇက်ကို အလိုက်ပေးကမ်းလှမ်းရန် စီစဉ်နေကြောင်း စပိန်သတင်းစာ La Razon က ဖော်ပြခဲ့သည်။
အသက် (၃၀)နှစ်အရွယ်ရှိ ပြင်သစ်တိုက်စစ်မှူး လာကာဇက်သည် အာဆင်နယ်အသင်းနှင့် ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ အာဆင်နယ်အသင်းအနေဖြင့် လာမည့်နွေရာသီတွင် ၎င်းကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်လွှတ်ရဖွယ်ရှိနေသည်။
ထို့ကြောင့် အာဆင်နယ်အသင်းသည် အန်နက်ဆီရီကို ခေါ်ယူရာတွင် လာကာဇက်ကို အသုံးချသွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
