၂၀၂၁-၂၀၂၂ ရာသီ လာလီဂါပြိုင်ပွဲအတွက် ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာအသင်းတို့အကြား အသုံးစရိတ်ခွင့်ပြုချက် ရရှိမှုပမာဏမှာ (၈)ဆအထိ ကွာဟနေကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ရာသီအတွက် ကလပ်အသင်းများ၏ အသုံးစရိတ်ခွင့်ပြုချက်ပမာဏကို လာလီဂါပြိုင်ပွဲက ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ရာ ရီးယဲလ်မက်ဒရစ်အသင်းက ယူရိုသန်း ၇၄၀ နီးပါးဖြင့် ကလပ်အသင်းအားလုံးအနက် အများဆုံးအသုံးပြုခွင့်ရရှိခဲ့သည်။
ဘာစီလိုနာအသင်းမှာမူ ယူရို ၉၈ သန်းသာ အသုံးပြုခွင့်ရမည်ဖြစ်ရာ ရီးယဲလ်အသင်းနှင့် (၈)ဆနီးပါး (ယူရို ၆၄၂ သန်း) အထိ ကွာဟနေခြင်း ဖြစ်သည်။
ဘာစီလိုနာအသင်းသည် ပြီးခဲ့ သည့် ၂၀၂၀-၂၀၂၁ ရာသီအတွက် ယူရို ၃၄၇ သန်း အသုံးပြုခွင့်ရရှိခဲ့သော်လည်း ယူရို ၄၈၁ သန်းအထိ အရှုံးပေါ်ခဲ့သောကြောင့် ယခုရာသီအတွက် အသုံးစရိတ်ခွင့်ပြုမှုပမာဏ များစွာလျော့ကျသွားခြင်းဖြစ်သည်။
ပြီးခဲ့သည့်ရာသီက COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် တစ်ရာသီလုံးနီးပါး ပရိ သတ်မပါဘဲ ကွင်းပိတ်ကစားခဲ့ရသဖြင့် ကွင်းဝင်ကြေးအပါအဝင် ကဏ္ဍအသီးသီးမှ ဝင်ငွေ ရရှိမှုလျော့ကျခဲ့ပြီး အရှုံးပမာဏမှာ ခန့်မှန်းထားသည်ထက် ယူရိုသန်း ၂၀၀ ခန့် ပိုများကြောင်း သိရသည်။
ထို့ကြောင့် ဘာစီလိုနာအသင်းအနေဖြင့် ယခုနွေရာသီကာလတွင် အသင်းခေါင်းဆောင် မက်ဆီကို စာချုပ်သစ်ချုပ်ဆိုနိုင်ခြင်းမရှိဘဲ အလွတ်ထွက်ခွာခွင့်ပြုခဲ့ရသလို ဂရီးဇ်မန်းကို အငှားစာချုပ်ဖြင့် ထွက်ခွာခွင့်ပြုခြင်း၊ စီနီယာကစားသမားများကို လစာလျှော့ချခြင်း ဆောင်ရွက်ခဲ့ရသည်။
ရီးယဲလ်အသင်းမှာမူ ၂၀၂၀-၂၀၂၁ ရာသီအတွက် ယူရိုသန်း ၄၇၀ အသုံးပြုခွင့်ရခဲ့ရာမှ ယခုရာသီတွင် ယူရိုသန်း ၇၄၀ နီးပါးအထိ မြင့်တက်လာခြင်းဖြစ်သည်။
ရီးယဲလ်အသင်းအနေဖြင့် ကစားသမားရောင်းချမှုမှ ဝင်ငွေရရှိခြင်းအပါအဝင် ယခင်ရာသီများတွင် ကောင်းမွန်သော ဘဏ္ဍာရေးစီမံခန့်ခွဲမှု ပြုလုပ်နိုင်ခဲ့သဖြင့် ကိုယ်ပိုင်အရန်ငွေကြေးကိုပါ ထပ်ပေါင်း၍ ယူရိုသန်း ၇၄၀ နီးပါး အသုံးပြုခွင့်ရရှိမည်ဖြစ်သည်။
သို့ဖြစ်ရာ ရီးယဲလ်အသင်းအနေဖြင့် PSG အသင်း၏ ကြယ်ပွင့်တိုက်စစ်မှူး ဘာပေကို ယူရိုသန်း ၂၀၀ ဖြင့် ခေါ်ယူမည်ဆိုလျှင်ပင် လာလီဂါ ပြိုင်ပွဲ၏ အသုံးစရိတ်ကန့်သတ်ချက်ကို ကျော်လွန်ခြင်းမရှိသေးကြောင်း စပိန်မီဒီယာများက သုံးသပ်ဖော်ပြလျက်ရှိသည်။
ယခုရာသီ လာလီဂါပြိုင်ပွဲတွင် အသုံးစရိတ်ခွင့်ပြုမှုအများ ဆုံးအဖြစ် ရီးယဲလ်မက်ဒရစ်၊ ဆီဗီလာ၊ ချန်ပီယံ အက်သလက်တီကို၊ ဗီလာရီးယဲလ်၊ ဆိုစီဒက်နှင့် ဘီလ်ဘာအိုအသင်းတို့ အစဉ်လိုက် ရပ်တည်လျက်ရှိပြီး ဘာစီလိုနာအသင်းမှာမူ အဆင့် ၇ နေရာအထိ ရောက်ရှိသွားပြီဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
