COVID-19 ရောဂါကာကွယ်ဆေးထိုးနှံမှုနှုန်း အမြင့်ဆုံးကလပ်များကို အထူးဆုပေးအပ်မည်ဟု ပရီးမီးယားလိဂ်ပြိုင်ပွဲက ထုတ်ပြန်ထားကြောင်း သိရသည်။
ပရီးမီးယားလိဂ်က ကလပ်အသင်းများထံ ပေးပို့ထားသည့်စာအရ အသင်း ၂၀ ရှိသည့်အနက် ခုနစ်သင်းသာ ရာခိုင်နှုန်း ၅၀ အထက် ကာကွယ်ဆေးထိုးနှံထားပြီး ကျန်ကလပ်များမှာ ရာခိုင်နှုန်း ၅၀ အောက်သာ ရှိကြောင်း၊ ထို့ကြောင့် ကာကွယ်ဆေးထိုးနှံမှု နှုန်း အမြင့်ဆုံးကလပ်များအား အထူးဆုပေး အပ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ကာကွယ်ဆေးအပြည့်ထိုးနှံခြင်းမှာ လူအရေ အတွက်များများဖြင့် ကျင်းပရသည့် အခမ်းအနားများအတွက် အသိအမှတ်ပြုလက်မှတ် ဖြစ်လာနိုင်သလို နိုင်ငံတကာခရီးသွားလာခွင့်အတွက် အစိုးရနှင့် ကျန်းမာရေးအာဏာပိုင်များက စံနှုန်းသတ်မှတ်ရာတွင် အဓိကအချက် ဖြစ်လာနိုင်ကြောင်း ပရီးမီးယားလိဂ်က အကြံပြုတိုက်တွန်းထားသည်။
ပရီးမီးယားလိဂ်တွင် အာဆင်နယ်အသင်းကွင်းလယ်လူ ချာကာအပါအဝင် ကစားသမားအချို့မှာ ကာကွယ်ဆေးထိုးနှံခြင်းကို ငြင်းဆန်လျက်ရှိ ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
