Top News

အင်တာမီလန်အသင်း စံချိန်တင်ငွေကြေးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့
24htopnews | December 1, 2024 3:12 PM CST

အင်တာမီလန်အသင်းသည် ပြီးခဲ့သည့် ၂၀၂၀-၂၁ ဘောလုံးရာသီတွင် စံချိန်တင်ငွေကြေး ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ 

အင်တာမီလန်အသင်းသည် စီးရီးအေချန်ပီယံဆု ရယူနိုင်ခဲ့ သော်လည်း ငွေကြေးအားဖြင့် ယူရို(၂၄၅.၆)သန်း အရှုံးပေါ်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါငွေကြေးပမာဏမှာ စီးရီးအေအသင်းများထဲ၌ တစ်ရာသီအတွင်း အများဆုံး အရှုံးပေါ်မှုအဖြစ်လည်း စံချိန်တင်ခဲ့ကြောင်း သိရသည်။ 

အင်တာမီလန်အသင်းသည် ယင်းကဲ့သို့ ငွေကြေးဆုံးရှုံးမှုများ ရှိခဲ့ခြင်းကြောင့် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် လူကာကူကို ရောင်းချခဲ့ရသလို၊ နည်းပြ ကွန်တီနှင့် လမ်းခွဲရသည့်အခြေအနေဖြစ်ခဲ့ကြောင်းလည်း သိရသည်။


READ NEXT
Cancel OK