စပိန်လက်ရွေးစင်အသင်းနည်းပြ လူးဝစ်အင်းနရစ်က ဘာစီလိုနာအသင်း၏ ဆယ်ကျော်သက်ကစားသမား ဂါဗီအား ရွေးချယ်ရခြင်းကို ဖြေရှင်းပြောကြားခဲ့သည်။
လူးဝစ်အင်းနရစ်သည် အောက်တိုဘာလအတွင်း ယှဉ်ပြိုင်ကစားရမည့် UEFA Nations League ပွဲစဉ်များအတွက် ကစားသမားစာရင်းကို ရွေးချယ်ခဲ့ရာ အသက်အငယ်အဆုံးအဖြစ် ဘာစီလိုနာအသင်း၏ ဆယ်ကျော်သက်ကစားသမား ဂါဗီ ပါဝင်လာခဲ့ခြင်းဖြစ်သည်။
စပိန်အသင်းသည် UEFA Nations League ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်အဆင့်တွင် အီတလီအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အနိုင်ရရှိပါက ဗိုလ်လုပွဲတွင် ပြင်သစ် သို့မဟုတ် ဘယ်လ်ဂျီယံအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ယင်းကဲ့သို့ ဆုဖလားအောင်ပွဲအတွက် အရေးကြီးပွဲစဉ်များ ယှဉ်ပြိုင်ကစားရမည့် အခြေအနေတွင် ဂါဗီကို ရွေးချယ်ခဲ့ခြင်းအတွက် မေးခွန်းထုတ်မှုများ ရှိလာခဲ့ခြင်းဖြစ်သည်။
ယင်းအတွက် လူးဝစ်အင်းနရစ်က "ဘာစီလိုနာအသင်းရဲ့ အကယ်ဒမီကစားသမားဘဝမှာကတည်းက သူဟာ ဦးဆောင်သူကောင်းတစ်ယောက်ဆိုတာ ကျွန်တော် သိထားခဲ့ပါတယ်။ သူက လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံရဖို့ ထိုက်တန်သူဖြစ်တာကြောင့် အခုလို ရွေးချယ်ခဲ့တာပါ"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
