၂၀၂၁ ခုနှစ်အတွက် Ballon d'Or ဆုပေးပွဲကို နိုဝင်ဘာ(၂၉)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဆန်ခါတင်ကစားသမား(၃၀)ဦးစာရင်းကို အောက်တိုဘာ(၈)ရက်နေ့၌ ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု (Ballon d'Or) မှာ ကစားသမားတိုင်း တန်ဖိုးထားသည့် ထူးချွန်ဆုတစ်ခုဖြစ်ပြီး ပြင်သစ်ဘောလုံးမဂ္ဂဇင်းက နှစ်စဉ်ချီးမြှင့်ပေးနေခြင်းဖြစ်သည်။
သို့သော် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်တွင်မူ ကပ်ဘေးကြောင့် ဘောလုံးပြိုင်ပွဲများ ကမောက်ကမဖြစ်ခဲ့သည့်အတွက် Ballon d'Or ဆုကို ချီးမြှင့် ခြင်းမပြုခဲ့ပေ။
ယခုအခါ ၂၀၂၁ ခုနှစ်အတွက် Ballon d'Or ဆုပေးပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး နိုဝင်ဘာ(၂၉)ရက် တနင်္လာနေ့တွင် ပါရီမြို့၌ ဆုပေးပွဲအခမ်းအနား ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။
ယင်းအတွက် ဆန်ခါတင်ကစားသမား (၃၀)ဦးစာရင်းကို အောက်တိုဘာ(၈)ရက်နေ့တွင် ထုတ်ပြန်မည်ဖြစ်ပြီး အကောင်းဆုံးကစားသမားကို ဂျာနယ်လစ်(၁၈၀)ဦး၏ ဆန္ဒမဲဖြင့် ရွေးချယ်သွားမည်ဟု သိရသည်။
ယခုနှစ်တွင် အကောင်းဆုံးအမျိုးသမီးဆု၊ အကောင်းဆုံးလူငယ်ကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆုများကိုလည်း ချီးမြှင့်သွားမည်ဖြစ်ပြီး အမျိုးသမီးဆုကို ဂျာနယ်လစ် (၅၀)၏ ဆန္ဒမဲ၊ ဂိုးသမားဆုကို ဂျာနယ်လစ်(၁၈၀)၏ ဆန္ဒမဲဖြင့်ရွေးချယ်မည်ဖြစ်သည်။
လူငယ်ဆုကိုမူ Ballon d'Or ဆုရှင်ဟောင်း (၃၂)ဦး၏ ဆန္ဒမဲဖြင့် ရွေးချယ်မည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
