နာမည်ကျော် ကစားသမားဟောင်းနှင့် အားကစားဆောင်းပါးရှင်၊ ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေသည့် ပီတာခရော့ချ်က ချယ်လ်ဆီးအသင်း၏ ကစားသမားများဖြစ်သည့် ဟာဗက်ဇ်၊ ဇီယာ့ရှ်တို့ ကို ဝေဖန်ပြစ်တင်မှုများပြုလုပ်ခဲ့ပြီး ဟာဗက်ဇ်ကို ဂျာမနီနာမည်ကြီး ကစားသမားဟောင်း အိုဇေးလ်နှင့် ခိုင်းနှိုင်းကာ ဝေဖန်မှုများပြုလုပ်ခဲ့သည်။
ပီတာခရော့ချ်က ''ကျွန်တော့်အမြင်မှာတော့ ဟာဗက်ဇ်နဲ့ ဇီယာ့ရှ်တို့က တော်တော်စိတ်ပျက်စရာပါ။ ကျွန်တော် ဟာဗက်ဇ်ကို ကြည့်ရတာ အိုဇေးလ်ကို သတိရမိတယ်။ ဟာဗက်ဇ်၊ အိုဇေးလ်တို့လို ကစားသမားတွေက နည်းစနစ်ပိုင်းမှာ ပါရမီရှင်ကစားသမားတွေဖြစ်ပြီး သူတို့လုပ်ချင်တဲ့အလုပ်တွေကို လွယ်လွယ်ကူကူ လုပ်နိုင်စွမ်းရှိကြပါတယ်။ ဒါပေမဲ့ ဟာဗက်ဇ်က အိုဇေးလ်လိုပဲ အပျင်းကြီးပြီး၊ အလုပ်ကို ခိုတတ်ပါတယ်။ ဒီညပွဲလို ကစားပုံမျိုးဆိုရင် သူက တော်တော်လေး စိတ်ပျက်စရာကောင်းပါ တယ်။ မေဆန်မောင့်က ဟာဗက်ဇ်တို့လို နည်းစနစ်အရည်အသွေးမျိုးရှိပါတယ်။ ဒါပေမဲ့ သူကကျတော့ အရမ်းကြိုးစားတယ်။ နည်းစနစ်ပိုင်းကောင်းရုံတင်မဟုတ်ဘဲ၊ နည်းဗျူဟာပိုင်းကို အရမ်းလိုက်နာနိုင်တယ်။ လိုအပ်လာတဲ့ အချိန်တိုင်းမှာအသင်းရဲ့ ခံစစ်ကို ချက်ချင်းဆင်းကူပေးနိုင်တယ်။ အမြဲတမ်း အလုပ်ကို ကြိုးစားလေ့ရှိတယ်။ သူတို့ကြားက ကွာခြားချက်က အဲဒါပါပဲ''ဟု ပီတာခရော့ချ်က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
