ချယ်လ်ဆီးနှင့် အင်တာမီလန်အသင်းနည်းပြဟောင်း အန်တိုနီယိုကွန်တီက ချယ်လ်ဆီးအသင်းသည် ၎င်းတို့အသင်း၏ တိုက်စစ်မှူး လူကာကူကို မည်ကဲ့သို့ အသုံးပြုရမှန်းမသိ ဖြစ်နေကြောင်းနှင့် ယင်းအဖြေကို တူဟယ်လ် ရှာတွေ့ပါက ချန်ပီယံလိဂ်တွင် ထပ်မံဗိုလ်စွဲနိုင်ခြေရှိသည်ဟု ပြောကြားခဲ့သည်။
လူကာကူသည် အင်တာမီလန်အသင်းတွင် ကွန်တီနှင့် လက်တွဲခဲ့ပြီး သွင်းဂိုးများစွာနှင့် အောင်မြင်မှုများစွာရရှိခဲ့သလို၊ ကမ္ဘာ့အကောင်းဆုံးစာရင်းဝင်တိုက်စစ်မှူးတစ်ဦးအဖြစ် သက်သေပြသနိုင်ခဲ့သူဖြစ်သည်။
သူသည် ချယ်လ်ဆီးအသင်းထံသို့ ကလပ်အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ပြန်လည်ပြောင်းရွှေ့လာခဲ့ပြီးနောက် ပထမဆုံး (၄)ပွဲတွင် (၄)ဂိုးသွင်းယူနိုင်ခဲ့သူလည်းဖြစ်သည်။
သို့ရာတွင် မန်စီးတီး၊ ဂျူဗင်တပ်စ်တို့နှင့် ပွဲစဉ်များအပါအဝင်နောက်ဆုံးကစားခဲ့သည့် (၃)ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးခဲ့ပြီးနောက် ကွန်တီက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ကွန်တီက ''ကျွန်တော်ကတော့ လူကာကူက ဒီ့ထက်ပိုကောင်းနိုင်သေးတယ်လို့ ထင်ပါတယ်။ သူက အရမ်းမြင့်မားတဲ့ အဆင့်ကို ပြသခဲ့ပြီးပါပြီ။ ဒါပေမဲ့ အခုအချိန်အထိ သူ့ရဲ့ အကောင်းဆုံးပုံစံ မဟုတ်သေးပါဘူး။ ကစားသမားဘဝက အနားယူမယ့် အချိန်အထိ တိုးတက်နေဦးမယ့် ကစားသမားမျိုးပါ။ ပြိုင်ဘက်အသင်းတိုင်းအတွက် အန္တရာယ်အကြီးဆုံး ကစားသမားလည်းဖြစ်ပြီး ဘယ်လိုခံစစ်ကိုမဆို ဖျက်ဆီးနိုင်ပါတယ်။ ချယ်လ်ဆီးက သူ့ကို ကောင်းကောင်းအသုံးမချနိုင်သေးပါဘူး။ တူဟယ်လ် သာ ဒီအဖြေကို ရှာတွေ့ရင် သူတို့ ထပ်ပြီးဗိုလ်စွဲနိုင်ပါတယ်''ဟု Sky Sports Italia သို့ ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
