ဗြိတိန်မှာ စက်သုံးဆီနဲ့ ဂတ်စ်ရှားပါးမှုပြဿနာ ရင် ဆိုင်နေရတယ်။ စက်သုံးဆီ ဆိုင်တွေမှာ တန်းစီနေတဲ့ ကား တန်းရှည်ထဲ မန်ချက်စတာယူနိုက် တက်ဂန္ထဝင် ပေါလ်စခိုးလ်ရဲ့ကား လည်း ပါဝင်ခဲ့ပေါ့။ ပြီးခဲ့တဲ့ရက်ပိုင်း အတွင်းမှာ ပေါလ်စခိုးလ်က အဝေးပြေး လမ်းမတစ်နေရာမှာ သူ့ရဲ့ မာစီဒီးစ်ကားထဲ အသည်းအသန် ဓာတ်ဆီထည့်နေတာ မြင်ခဲ့ရ တာပဲ။ အနက်ရောင် ခေါင်းစွပ်အကျႌနဲ့ ပေါလ် စခိုးလ်က လူတစ်ဦးယူလာပေတဲ့ ဓာတ်ဆီကို သူ့ ကားထဲ ထည့်နေခဲ့ပါတယ်။
ရှားပါးအဖိုးတန်တဲ့ ဓာတ် ဆီကို မဖိတ်မစင်အောင် ပေါလ်စခိုးလ် ဂရုစိုက်ပြီး ထည့်နေတာကို သူ့ရဲ့သမီး အလစ်စီယာက ဗီဒီယို မှတ်တမ်းတင်ခဲ့တယ်။ စက်သုံးဆီပြဿနာ ကြောင့် ဗြိတိန်မှာPanic Buying တွေ ဖြစ်နေသလို၊ ကားတွေပေါ်မှာ အပို သယ်ဆောင်သူတွေရှိနေပါ တယ်။ မီးသတ်သမား ဟောင်းတစ်ဦးက အခုလိုမျိုးကားတွေပေါ်မှာ စက်သုံးဆီ အပိုဆောင် ထားတာဟာ အန္တရာယ်များတယ်လို့ သတိပေး ထားပေမဲ့ ဗြိတိန်အစိုးရရဲ့ ဟန်ချက် မညီတဲ့ စက်သုံးဆီပြဿနာအတွက် ကိုင် တွယ်မှုကြောင့် ဘယ်သူမှ အလေးမထားဘဲ စက်သုံးဆီတွေ ရသလောက်ဝယ်ပြီး သိုလှောင် နေတာပါပဲ။ ပြီးခဲ့တဲ့ တနင်္ဂနွေညမှာ ဗြိတိန်က စက်သုံးဆီဆိုင် (၉၀)ရာခိုင်နှုန်းမှာ ရောင်းစရာမရှိသလောက် ဖြစ်နေခဲ့ပါပြီ။ စက်သုံးဆီ ခိုးယူသူတွေ၊ ဓားထောက်ပြီး လုယူသူတွေ လည်း ရှိနေခဲ့ပါပြီ။ အဲဒီလိုအခက်အခဲတွေကြားမှာ သူ့ အဖေ ပေါလ်စခိုးလ်တစ်ယောက် ဓာတ်ဆီရရှိသွားတဲ့ အပေါ် သမီးဖြစ်သူ အလစ်စီယာက အမှတ်တရမှတ် တမ်းတင်ခဲ့တာပါပဲ။
အလစ်စီယာက သူ့အဖေလိုပဲ အားကစားဗီဇ ပါဝင်လာသူပါ။ ManchesterThunder Net Ball အသင်းရဲ့ တောင် ပံတိုက်စစ်ကစားသမားလည်း ဖြစ်ပါ တယ်။ ငယ်စဉ်ကတည်းက ကိုယ်ကာ ယကြံ့ခိုင်မှုအတွက် ဦးစားပေးလေ့ ကျင်ခဲ့ပါတယ်။ အသက် (၁၉)နှစ် အရွယ်အထိ Boyfriend မရှိသေးဘဲ သူမရဲ့ ပရော်ဖက်ရှင် နယ်ကစားသမားဘဝအတွက် အာရုံစိုက်နေပါတယ်။ အလစ် စီယာက လူငယ်ပီပီ ပါတီပွဲ တွေတော့ နှစ်သက်ပုံရပြီး ၂၀၂၁ နှစ်သစ်ကူးကာလ တုန်းက ကျန်းမာရေးလမ်း ညွှန်ချက်တွေ ချိုး ဖောက်ပြီး နေအိမ်မှာ မိန်းကလေးသူငယ် ချင်းတွေနဲ့ ပါတီပွဲ လုပ်ခဲ့လို့ ဖြေရှင်းခဲ့ရ ပါသေးတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
