တရုတ်နိုင်ငံအလယ်ပိုင်းတွင် ဒေါ်လာ ၈၀ ဘီလျံကျော်တန်ဖိုးရှိ ကမ္ဘာ့အကြီးဆုံးရွှေကြောကို တွေ့ရှိခဲ့သည်ဟု India Today သတင်းတွင် ဖော်ပြခဲ့သည်။
ထိုရွှေကြောတွင် အရည်အသွေးမြင့် ရွှေ ၁၀၀၀ မက်ထရစ်တန်ခန့်ရှိပြီး တန်ကြေးအားဖြင့် ဒေါ်လာ ၈၃ ဘီလျံခန့်ရှိကာ ရွှေ ၉၀၀ မက်ထရစ်တန်ခန့်ရှိသည့် တောင်အာဖရိကနိုင်ငံရှိ South Deep သတ္တုတွင်းကိုကျော်ပြီး ကမ္ဘာ့အကြီးဆုံး ရွှေကြောကို ရှာဖွေတွေ့ရှိမှုဖြစ်ခဲ့သည်ဟု တရုတ်နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။
ဟူနန်ပြည်နယ် ပင်ကျန်းကောင်တီတွင် တွေ့ရှိခဲ့သည့် ထိုရွှေကြောတွင် မြေပြင်အနက် ၂ ကီလိုမီတာအထိ ရွှေကြောပေါင်း ၄၀ ခန့် တွေ့ရှိရကြောင်း ဘူမိဗေဒပညာရှင်များက ပြောကြားခဲ့သည်။
ထိုကဲ့သို့ ရွှေကြောရှာဖွေတွေ့ရှိမှုသည် ကမ္ဘာလုံးဆိုင်ရာ ရွှေထုတ်လုပ်မှုစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းရှိသည့် တရုတ်၏ ရွှေလုပ်ငန်းကဏ္ဍအတွက် ကြီးမားသည့် ကောင်းကျိုးများကို ရရှိစေလိမ့်မည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။
တရုတ်သည် ကမ္ဘာ့ရွှေစျေးကွက်ကိုလွှမ်းမိုးထားပြီး ၂၀၂၄ ခုနှစ်တွင် အရန်ထားရှိသည့် ရွှေသည် ၂၀၀၀ တန်ခန့်ရှိနိုင်ကြောင်း India Today သတင်းတွင် ဖော်ပြထားသည်။
Ref: India Today
Photos- Getty Images/ Xinhua
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
