လကုန််ခါနီးရက်များတွင် ထီတစ်စောင် ကျပ် ၁၅၀၀ ထိ စျေးနှုန်းမြင့်တက်နေကြောင်း နိုဝင်ဘာ ၃၀ ရက်တွင် ထီကံစမ်းသူများထံမှ သိရသည်။
လအစပိုင်းခန့်၌ ထီထိုးလျှင် ထီတစ်စောင် ၁၀၀၀၊ ၁၁၀၀ လောက်သာ ပေးရပြီး လကုန်ခါနီးရက်တွင် ထီတစ်စောင် ၁၅၀၀ ထိ ပေးရကြောင််း ထီကံစမ်းသူတစ်ဦးက ပြောကြားသည်။
“ကျွန်တော်က အရင်ကဆို လစတာနဲ့ ထီထိုးတာ။ ဒီလက ခရီးသွားတာနဲ့ နောက်ကျသွားလို့ ဒီနေ့ ၃၀ ရက်မှ သွားထိုးဖြစ်တယ်။ ထိုးတဲ့အချိန်မှာ ထီတစ်စောင် ၁၅၀၀ ဆိုတော့ လန့်သွားတယ်။ ပုံမှန် ၁၀၀၀၊ ၁၁၀၀ ပဲရှိတဲ့ ထီက ခု ၁၅၀၀ ထိ စျေးတက်သွားတယ်။ အဲတော့ ကျွန်တော်လည်း ဒီလ မထိုးခဲ့တော့ဘူး။ လကုန်ခါနီးရက်တွေဆို အဲလိုစျေးတင်ရောင်းတာလား မသိပါဘူး။ ပုံမှန်ဆို ကျွန်တော်က ၁၅ ရက်ကျော်လောက်မှာ ထိုးရင် အများဆုံးပေးရ ထီတစ်စောင် ၁၂၀၀ ပါပဲ။ ခုက တစ်စောင် ၁၅၀၀ ဆိုတော့ တော်တော်များတယ်” ဟု ယင်းထီကံစမ်းသူက ပြောကြားသည်။
ကံကောင်းပြီး ထီပေါက်ခဲ့လျှင်ဆိုသည့် စိတ်ကူးလေးဖြင့် လတိုင်းထီထိုးဖြစ်ပြီး ယခုလ၌ နောက်ဆုံးရက်မှ ထိုးရာတွင် စျေနှုန်းမြင့်တက်မှုကြောင့် မထိုးခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် ကျင်းပမည့် ၆၉ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် ထီလက်မှတ်များကို က အက္ခရာမှ အစဉ်လိုက် စျ ထိ စုစုပေါင်းအက္ခရာ ကိုးလုံးမှ ၇၅ ရာခိုင်နှုန်းဖြစ်သော ထီစာအုပ် ၅၅၂၂၇၆ အုပ်အား ရောင်းချနိုင်ခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဆက်လက်ပြီး ထီလက်မှတ်များရောင်းချရငွေမှာ ကျပ်သန်း ၅၅၂၂ ဒသမ ၇၆၀ ဖြစ်သဖြင့် ရာခိုင်နှုန်း ၇၀ ခွဲဝေချီးမြှင့်မည့် ထီဆုငွေမှာ ကျပ်သန်း ၃၈၆၅ ဒသမ ၉၃၂ ဖြစ်ကြောင်း၊ အဆိုပါခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေများမှာ အထူးဆုကြီးစနစ်တွင် ကျပ်သိန်းငါးထောင် တစ်ဆု၊ ကျပ်သိန်းနှစ်ထောင် တစ်ဆုနှင့် ကျပ်သိန်းတစ်ထောင် တစ်ဆုပါဝင်ပြီး ဆုတစ်ဆုချင်းစနစ်တွင် ကျပ်သိန်းငါးရာ လေးဆု၊ ကျပ်သိန်းနှစ်ရာ ငါးဆု၊ ကျပ်သိန်းတစ်ရာ ကိုးဆု၊ ကျပ်သိန်းငါးဆယ် ၁၂ ဆု၊ ကျပ်သိန်းနှစ်ဆယ် ၁၆ ဆု၊ ကျပ်ဆယ်သိန်း ၁၄ ဆုနှင့် ဝေဝေဆာဆာပဒေသာဆုမဲစနစ်တွင် ကျပ်သုံးသိန်း ၃၀ ဆု၊ ကျပ်နှစ်သိန်း ၃၀၀ ဆု၊ ကျပ်တစ်သိန်း ၅၀၀၀ ဆု၊ ကျပ်ငါးသောင်း ၂၀၀၀၀ ဆု၊ ကျပ်တစ်သောင်းဆု ၁၀၀၀၀၀ စသည့်ဆုမဲများ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ဘဏ္ဍာသိမ်းရငွေမှ ကျပ်သန်း ၂၅၀ ကိုလည်း ကျပ် ၁၀ သိန်း လေးဆု၊ ကျပ်သုံးသိန်းဆု ၂၀ ဆု၊ ကျပ်နှစ်သိန်းဆု ၂၀၀ နှင့် ကျပ်တစ်သိန်း ၂၀၀၀ ဆုကိုလည်း ထပ်မံချီးမြှင့်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါ ၆၉ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲကို ဒီဇင်ဘာ ၁ ရက် တနင်္ဂနွေနေ့ နံနက် ၈ နာရီအချိန်တွင် ကျောက်တံတားမြို့နယ် မဟာဗန္ဓုလမ်းနှင့် ၃၇ လမ်းထောင့်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲရဲ့ ထုတ်ပြန်ချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
