အမေရိကန်ရွေးကောက်ခံ သမ္မတဒေါ်နယ်ထရန့်နှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးသွားမည်ဟု ဂျပန်ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာက နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်နှင့် ဂျပန်အကြား ပူးပေါင်းဆောင်ရွက်မှုသည် လွတ်လပ်ပွင့်လင်းသည့် ပစိဖိတ်ဒေသကို စိတ်ချသေချာစေရန်အတွက် အရေးကြီးကြောင်း အီရှီဘာက ပြောကြားခဲ့သည်။
“နောက်တက်လာမယ့် သမ္မတထရန့်နဲ့ ကျွန်တော် ပွင့်ပွင့်လင်းလင်းဆွေးနွေးသွားမှာပါ။ ပြီးတော့ မဟာမိတ်ဆက်ဆံရေးကိုလည်း မြှင့်တင်သွားမှာပါ”ဟု အီရှီဘာက လွှတ်တော်တွင် ပြောကြားခဲ့သည်။
“အမေရိကန်မှာလည်း သူ့ကိုယ်ပိုင် အမျိုးသား အကျိုးစီးပွားတွေရှိပြီး ဂျပန်မှာလည်း ကိုယ့်ကိုယ်ပိုင် အမျိုးသား အကျိုးစီးပွားတွေရှိပါတယ်။ အဲဒါကြောင့် ပွင့်ပွင်းလင်းလင်း ဆွေးနွေးမှုတွေလုပ်ဖို့နဲ့ နှစ်နိုင်ငံစလုံးရဲ့ အမျိုးသားအကျိုး စီးပွားတွေကို မြှင့်တင်တာဟာ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသကို ဖြစ်ပေါ်လာစေဖို့အတွက် အထောက်အကူ ဖြစ်စေပါလိမ့်မယ်”ဟု အီရှီဘာက ပြောကြားခဲ့သည်။
ထိုင်ဝမ်ကျွန်း အပါအဝင် အာရှ-ပစိဖိတ်ဒေသတွင် နယ်နိမိတ် ပိုင်ဆိုင်ရေး အငြင်းပွားမှုများတွင် တရုတ်၏ လှုပ်ရှားမှုများ မြင့်တက်နေသည်။
ထို့ပြင် နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် မြောက်ကိုရီးယား၏ ဒုံးကျည်လှုပ်ရှားမှုများမြင့်တက်လာသည့် အခြေအနေကိုလည်း ဂျပန်က စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။
ထရန့်သည် ၎င်း၏ ပထမသက်တမ်းအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် တွေ့ဆုံခဲ့သည်။
ကာကွယ်ရေးကို ဦးစားပေးသူတစ်ဦးအဖြစ် သူ့ကိုယ်သူ ဝန်ခံပြောကြားခဲ့သည့် အီရှီဘာက တစ်နိုင်ငံအတိုက်ခံရပါက ကျန်သည့်မဟာမိတ်နိုင်ငံများ အားလုံးကို တိုက်ခိုက်ခြင်း ဖြစ်သည်ဟု သတ်မှတ်ထားသည့် မူဝါဒနှင့်အတူ အာရှနေတိုးအဖွဲ့ပုံစံ ထူထောင်ရန်လည်း တိုက်တွန်းခဲ့သည်။
“ဂျပန်-အမေရိကန် မဟာမိတ်ဆက်ဆံရေးဟာ ဂျပန်ရဲ့ သံတမန်ရေးနဲ့ လုံခြုံရေးရဲ့ အုတ်မြစ်ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်ဟာ ဂျပန်က အမေရိကန်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ အဆောက်အအုံတွေနဲ့ နေရာဒေသတွေကနေ မဟာဗျူဟာမြောက် အသာစီးရမှုတွေကို ရရှိနေပါတယ်”ဟု အီရှီဘာက ပြောကြားခဲ့သည်။
ထရန့်၏ ပထမသက်တမ်းအတွင်း ထိုအချိန်က ဂျပန်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ရှင်ဇိုအာဘေးနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ နွေးထွေးသည့် ဆက်ဆံရေးရှိခဲ့ကာ ခေါင်းဆောင်နှစ်ဦးသည် အတူ ဂေါက်သီးရိုက် ကစားသည့် အကြိမ်အနည်းငယ်ရှိခဲ့သည်။
ယခုလ အစောပိုင်းက ထရန့်ရွေးကောက်ပွဲ အနိုင်ရခဲ့ချိန်တွင် အီရှီဘာက ထရန့်ကို ဖုန်းဆက်ပြီး ဂုဏ်ပြုစကားပြောခဲ့ချိန်အတွင်း အလွန်ခင်မင် ရင်းနှီးစွာ စကားပြောဆိုခဲ့ကြကြောင်း အီရှီဘာက ပြောကြားခဲ့ သည်။
ဂျပန်နှင့် အမေရိကန်သည် အဓိကမဟာ မိတ်နိုင်ငံများဖြစ်ပြီး အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုများရှိကာ ဂျပန်တွင် အမေရိကန်စစ်သား ၅၄၀၀၀ ခန့် တပ်စွဲထားသည်။ ထိုစစ်သားများအနက် အများစုသည် ထိုင်ဝမ်အရှေ့ဘက် အိုကီနာဝါကျွန်းတွင် တပ်စွဲထားခြင်း ဖြစ်သည်။
ဂျပန်သည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း စစ်အင်အားကို ကန့်သတ်ထားသည့်မူကို တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပြီး တန်ပြန်တိုက်ခိုက်နိုင်စွမ်းကို ရရှိရန် လုပ်ဆောင်လာခဲ့သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ယခင်ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါတို့သည် ဧပြီလက နှစ်နိုင်ငံ ကာကွယ်ရေးကဏ္ဍသည် ခေတ်သစ်တစ်ခုထဲသို့ ရောက်ရှိပြီဖြစ်ကြောင်း ကြေညာခဲ့သည်။
ဂျပန်သည် နေတိုးအဖွဲ့၏ စံနှုန်းနှင့်အညီ စစ်ရေးအသုုံးစရိတ်ကို နိုင်ငံ့ဂျီဒီပီ၏ နှစ်ရာခိုင်နှုန်းကို သုံးစွဲခဲ့သည်။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
