Top News

ထိုင်းတွင် ရေကြီးမှုကြောင့် သေဆုံးသူ ကိုးဦး ရှိလာ
24htopnews | December 1, 2024 5:12 PM CST

ထိုင်းနိုင်ငံတောင်ပိုင်းတွင် ရေကြီးမှုကြောင့် လူကိုးဦး သေဆုံးကာ လူ ၁၃၀၀၀ ကျော် ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရသည်ဟု တာဝန်ရှိသူများက နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့များက ပိတ်မိနေသော ဒေသခံများထံ ရောက်ရှိနိုင်ရန် လှေများနှင့် ရဟတ်ယာဉ်များ အသုံးပြုနေကြသည်ဟု ဆိုသည်။

ထိုင်းပြည်တွင်းမီဒီယာတွင် ဖော်ပြချက်အရ ဒေသခံများသည် ရင်ဘတ်အထိ မြင့်သော ရွှံရေများအတွင်း သွားလာနေကြရကာ ရေကြီးရေလျှံနေသော လမ်းများတွင် ကားများ နစ်မြုပ်လျက်ရှိသည်ကို တွေ့မြင်ရသည်။

"ထိုင်းနိုင်ငံတောင်ပိုင်းရှိ ပြည်နယ်ရှစ်ခုမှာ ရေကြီးရေလျှံမှုကြောင့် အိမ်ထောင်စု ၅၅၃၉၂၁ စု ရေဘေးသင့်ပြီး သေဆုံးသူ ကိုးဦးရှိပါတယ်။ အေဂျင်စီတွေအနေနဲ့ အရေးပေါ်အကူအညီတွေ ပေးနေဖို့ လုပ်ဆောင် နေပါတယ်"ဟု နိုင်ငံ၏ သဘာ၀ဘေးအန္တရာယ်အေဂျင်စီက ၎င်း၏ Facebook တွင် ဖော်ပြထားသည်။

လူ ၁၃၀၀၀ ကျော်သည် နေအိမ်များကို စွန့်ခွာကာ စာသင်ကျောင်းများနှင့် ဘုရားကျောင်းများရှိ ကယ်ဆယ်ရေးစခန်းများတွင် သွားရောက်နေထိုင်နေရသည်ဟု ၎င်းက ပြောကြားခဲ့သည်။

■Ref:AFP


READ NEXT
Cancel OK