Top News

ဂျပန်အသင်း လွယ်လွယ်ကူကူကစားခွင့်မရရန် တုံ့ပြန်ကစားမည်ဖြစ်ကြောင်း အောင်သူ ပြောကြား
24htopnews | December 1, 2024 7:12 PM CST

မြန်မာ့လက်ရွေးစင်အသင်းတိုက်စစ်မှူး အောင်သူက ဂျပန်အသင်းနှင့်ပွဲတွင် ပြိုင်ဘက်အသင်း လွယ်လွယ်ကူကူ တိုက်စစ်ဆင်ခွင့်မရရန် တုံ့ပြန်ကစားမည်ဖြစ်ကြောင်း ပြောကြားသည်။

''ဂျပန်အသင်းဆိုတာ အာရှ ထိပ်သီးအသင်းကြီးတစ်သင်းပါ။ ဒီလိုအသင်းမျိုးကို အပြန်အလှန်ကစားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သူတို့အသင်း လွယ်လွယ်ကူကူကစားခွင့်မရအောင် တုံ့ပြန်ကစားမှာပါ။ ပြီးမှ တစ်ဆင့်ချင်းကြိုးစားရမှာပါ။ မွန်ဂိုလီးယားနဲ့ပွဲမှာလည်း အခွင့်အရေးတစ်ကြိမ်ကနေ ဂိုးပေးလိုက်ရတာပါ။ ဒီပွဲအရှုံးက အသင်းသားတွေအပေါ် သက်ရောက်မှုရှိပါတယ်''ဟု အောင်သူက ပြောကြားသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဂျပန်၊ ကာ ဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊ မွန်ဂိုလီးယားတို့ နှင့် တစ်အုပ်စုတည်းကျရောက်နေပြီး ပထမပွဲတွင် တာဂျစ်ကစ္စတန်နှင့် မွန်ဂိုလီးယား အသင်းတို့ နိုင်ပွဲရရှိထားသည်။

မြန်မာ့လက်ရွေးစင်အသင်းမှာမူ အုပ်စုဒုတိယပွဲအဖြစ် ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး စက်တင်ဘာ ၅ ရက်က ကစားခဲ့သည့် အုပ်စုပထမပွဲတွင် မွန်ဂိုလီးယားကို အဝေးကွင်း၌ (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

 

 


READ NEXT
Cancel OK