အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် ဟာရီကိန်းသည် ဘူလ်ဂေးရီးယား အသင်းနှင့်ပွဲ၌ ပယ်နယ်တီမှတစ်ဆင့် နှစ်ဂိုးသွင်းယူပြီးနောက် အင်္ဂလန်အသင်းအတွက် ပယ်နယ်တီဂိုးရရှိမှု အများဆုံးစာရင်းတွင် ဒုတိယနေရာရောက်ရှိလာကြောင်း သိရသည်။
စက်တင်ဘာ ၇ ရက်က ဝင်ဘလေကွင်း၌ ကစားသည့်ပွဲတွင် အင်္ဂလန်အသင်းက ဘူလ်ဂေးရီးယားအသင်းကို (၄-၀) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရပြီး ဟာရီကိန်းက ၂၄၊ ၅၀၊ ၇၃ မိနစ်တွင် ဟက်ထရစ်နှင့် စတာလင်က ၅၅ မိနစ်တွင် တစ်ဂိုးသွင်းယူပေးခဲ့သည်။
ဟာရီကိန်းသည် အဖွင့်ဂိုးကို စတာလင်၏ဖန်တီးပေးမှုမှတစ်ဆင့် ပိတ်သွင်းယူခဲ့ပြီး ကျန်နှစ်ဂိုးကိုမူ ပယ်နယ်တီမှတစ်ဆင့် သွင်းယူခဲ့ခြင်းဖြစ်သည်။
ဟာရီကိန်းသည် အင်္ဂလန်ကစားသမား ဘဝ ပွဲ ၄၀ မြောက်တွင် ၂၅ ဂိုးသွင်းယူထား ပြီး ယင်းဂိုးများအနက် ပယ်နယ်တီမှသွင်းယူ သည့်ဂိုး (ပယ်နယ်တီအဆုံးအဖြတ်မပါဝင်)ရှစ်ဂိုးရှိလာကြောင်း သိရသည်။
၎င်းသည် အင်္ဂလန်အသင်းအတွက် ပယ်နယ်တီကန်ခွင့်ရသည့်ရှစ်ကြိမ်စလုံး အမှားအယွင်းမရှိသွင်းယူနိုင်ခဲ့ခြင်းဖြစ်ရာ ခုနစ်ဂိုးသွင်းယူထားသည့် ၀ိန်းရွန်နီကိုကျော်၍ ဒုတိယနေရာရောက်ရှိလာခြင်းဖြစ်ပြီး ကိုးဂိုးဖြင့် အများဆုံးသွင်းယူထားသည့် လမ်းပတ်၏စံချိန်ကိုလိုက်မီရန် တစ်ဂိုးသာလိုအပ်တော့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
