ဗန်ဒိုက်သည် လီဗာပူးလ်အသင်း နှင့် စာချုပ်သက်တမ်း (၄)နှစ်အထိ ကျန် ရှိနေသေးသူဖြစ်သော်လည်း လီဗာပူးလ်အသင်းတာဝန်ရှိသူများသည် သူ့အား အသင်းတွင် ရေရှည်ရှိနေစေရန်အတွက် လစာငွေတိုးမြှင့်ပြီး စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်သည်။
လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့် သြဂုတ်လက UEFA အကောင်းဆုံးဘောလုံးသမားဆု ရရှိခဲ့သည့် နယ်သာလန် နောက်ခံလူ ဗန်ဒိုက်အား စာချုပ်သစ်ချုပ် ဆိုရန် စီစဉ်နေကြောင်း သိရှိရသည်။
ဗန်ဒိုက်သည် လီဗာပူးလ်အသင်း နှင့် စာချုပ်သက်တမ်း (၄)နှစ်အထိ ကျန် ရှိနေသေးသူဖြစ်သော်လည်း လီဗာပူးလ်အသင်းတာဝန်ရှိသူများသည် သူ့အား အသင်းတွင် ရေရှည်ရှိနေစေရန်အတွက် လစာငွေတိုးမြှင့်ပြီး စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်သည်။
ဗန်ဒိုက်သည် လက်ရှိတွင် လီဗာပူးလ်အသင်း၌ တစ်ပတ်လစာ ငွေ ပေါင်(၁၂၅၀၀၀) ရရှိနေသူဖြစ်ပြီး အကယ်၍ စာချုပ်သစ်ချုပ်ဆိုဖြစ်ခဲ့ပါက တစ်ပတ်လစာငွေ ပေါင်(၂)သိန်းခန့် ရရှိမည် ဖြစ်ကြောင်း Mirror သတင်းစာက ဖော်ပြ ခဲ့သည်။
ဗန်ဒိုက်သည် လီဗာပူးလ်အသင်းသို့ ရောက်ရှိလာပြီးနောက် သူ၏မြင့်မားသည့် ပြောင်းရွှေ့ကြေး ပေါင်(၇၅)သန်းနှင့် ထိုက်တန်သည့်ခြေစွမ်းကို ပြသနိုင်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီ PFA အကောင်းဆုံး ဘောလုံးသမားဆုကိုလည်း ဆွတ်ခူးရရှိခဲ့သည်။
၎င်းအနေဖြင့် ယခုနှစ်ကုန်ပိုင်းတွင် ချီးမြှင့်မည့် ၂၀၁၉ Ballon d'Or ဆုကိုလည်း စီရော်နယ်လ်ဒိုနှင့် မက်ဆီတို့ကို ကျော်ဖြတ်ကာ ဆွတ်ခူးနိုင်လိမ့်မည်ဟု ဥရောပမီဒီယာများက တစ်ပေးလျက်ရှိကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
