ဘာစီလိုနာအသင်းသည် ယခုရာသီ လာလီဂါပြိုင်ပွဲတွင် လစာအများဆုံးပေးရသည့်အသင်းအဖြစ် ဆက်လက် ဦးဆောင်ခဲ့ကြောင်း သိရှိရသည်။
၂၀၁၉-၂၀ ရာသီတွင် လာလီဂါအသင်း(၂၀)ပေးချေရသည့် စုစုပေါင်းလစာပမာဏမှာ ယူရို(၂.၉၄)ဘီလီယံရှိပြီး ဘာစီလိုနာအသင်းက ယူရို(၆၇၁.၄၂)သန်းဖြင့် ဦးဆောင်ခဲ့ခြင်းဖြစ်သည်။
ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့်ရာသီက ယူရို(၆၃၂.၉၇)သန်း ပေးခဲ့ရ၍ ယခုရာသီတွင် ပိုမိုမြင့်တက်လာခြင်းလည်း ဖြစ်သည်။
ဘာစီလိုနာနည်းတူ ရီးယဲလ်နှင့် အက်သလက်တီကိုတို့မှာလည်း မြင့်တက်လာခဲ့သည်။
ထို့ပြင် ရီးယဲလ်အသင်းသည် ပြီးခဲ့သည့်ရာသီက ပေးချေခဲ့ရသည့်လစာမှာ ယူရို(၅၆၆.၅၃)သန်းသာရှိပြီး ယခုရာသီတွင် ယူရို (၆၄၁.၀၅)သန်းဖြစ်လာသောကြောင့် တိုးတက်မှုနှုန်းအ များဆုံးအသင်းလည်း ဖြစ်ခဲ့သည်။
ယခုရာသီ လာလီဂါတွင် လစာငွေ ယူရိုသန်း(၁၀၀)အထက် ပေးချေရသည့်အသင်း (၈)သင်းရှိနေပြီး လစာအနည်းဆုံးပေးရသည့်အသင်းမှာမူ ယူရိုသန်း(၃၀)မပြည့်သည့် မာယော့ကာဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
