ပြီးခဲ့သည့်ဘောလုံးရာသီတွင် စီရော်နယ်လ်ဒိုရောက်ရှိလာခဲ့ပြီးနောက် ဂျူဗင်တပ်စ်အသင်း၏ စပွန်ဆာစာချုပ်တန်ဖိုးများ မြင့်တက်လာခဲ့ပြီး ယခု အခါ ဂျူဗင်တပ်စ်အသင်း၏ အဓိကစပွန်ဆာတစ် ခုဖြစ်သော Jeep သည် တစ်နှစ်ယူရိုသန်း (၅၀)ဖြင့် စာချုပ်သက်တမ်းတိုးရန် စီစဉ်နေကြောင်း Tuttosportက ဖော်ပြခဲ့သည်။
Jeep နှင့် ဂျူဗင်တပ်စ်အသင်းတို့၏ လက်ရှိစပွန်ဆာစာချုပ်တန်ဖိုး သည် တစ်နှစ်ယူရို (၁၆)သန်းသာရှိပြီး ဂျူဗင်တပ်စ် အသင်းသို့ စီရော်နယ်လ်ဒို ရောက်ရှိလာပြီး တစ် ရာသီအကြာတွင် ယူရိုသန်း (၅၀)အထိ မြင့်တက်လာဖွယ်ရှိနေခြင်းဖြစ်သည်။
ဂျူဗင်တပ်စ်အသင်း နှင့် Jeepတို့၏စပွန်ဆာစာချုပ်သက်တမ်းမှာ ၂၀၂၁ ခုနှစ်အထိ ကျန်ရှိနေသေးပြီး ယခုအခါ စာချုပ်သက်တမ်းတိုးရန်အတွက် ဆွေးနွေးမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
အမေရိကန်အခြေစိုက် Automobile ကုမ္ပဏီ Jeep သည် ဂျူဗင်တပ်စ်အသင်းကို ၂၀၁၅ ခုနှစ်မှစတင် ၍ စပွန်ဆာပေးခဲ့ခြင်းဖြစ်သည်။
Jeepသည် စီရော်နယ်လ်ဒိုရောက်ရှိလာပြီးနောက် ဂျူဗင်တပ်စ် အသင်းနှင့် ဒုတိယမြောက်စာချုပ်သက်တမ်းတိုးရန် စီစဉ်သည့် အဓိကစပွန်ဆာဖြစ်ပြီး ဂျူဗင်တပ်စ်အသင်း၏ ဝတ်စုံစပွန်ဆာ Adidasသည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း၌ ဂျူဗင်တပ်စ်အသင်း နှင့် စာချုပ်သက်တမ်းတိုးခဲ့ကြောင်း သိရသည်။
Adidas သည် ဂျူဗင်တပ်စ်အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့ခြင်းဖြစ်ပြီး တစ်နှစ် ယူရို (၅၁)သန်းတန်ဖိုးရှိနေသည်။
စီရော်နယ်လ်ဒိုရောက်ရှိလာခဲ့ပြီးနောက် ဂျူဗင်တပ်စ်အသင်း၏ စပွန်ဆာစာချုပ်တန်ဖိုးများ မြင့်တက်လာသလို၊ လူမှုကွန်ရက်စာမျက်နှာများတွင်လည်း Follower နှင့် Like ပြုလုပ်သည့် အရေအတွက်များစွာ မြင့်တက်လာခဲ့သည်။
ဂျူဗင်တပ်စ်အသင်း၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာများဖြစ်သည့် Facebook၊ Twitter နှင့် Instagram (၃)ခုပေါင်းတွင် Followerဦးရေ(၈၃ .၈) သန်းအထိ ရှိလာခဲ့ကြောင်းသိရသည်။
ဂျူဗင်တပ်စ်အသင်းသို့ စီရော်နယ်လ်ဒို မရောက်ရှိလာမီအချိန်က ဂျူဗင်တပ်စ်အသင်း၏ လူမှုကွန်ရက်စာမျက်နှာများတွင် Followerဦးရေ (၄၉ .၇)သန်းသာရှိခဲ့ပြီး တစ်နှစ်အတွင်း များစွာမြင့်တက်လာခဲ့ခြင်းလည်းဖြစ်သည်။
စီရော်နယ်လ်ဒိုရောက်ရှိလာသဖြင့် ဂျူဗင်တပ်စ်အသင်း၏ ရှယ်ယာတန်ဖိုးမြင့်တက်ခဲ့ဖူးသလို၊ စီးရီးအေပြိုင်ပွဲအပေါ် ကမ္ဘာလုံးဆိုင်ရာပရိသတ် နှစ်သက်သဘောကျမှုရာခိုင်နှုန်းမှာလည်း မြင့်တက်လာခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
