Top News

မန္တလေး၌ ကျင်းပနေသည့် ကမ္ဘာ့ဘိလိယက် Long Up ပြိုင်ပွဲတွင် မြန်မာကစားသမား (၃)ဦး ကွာတားဖိုင်နယ် တက်ရောက်
24htopnews | December 1, 2024 7:12 PM CST

မန္တလေးမြို့၌ ကျင်းပနေသည့် ၂၀၁၉ ကမ္ဘာ့ဘိလိယက် Long Up ပြိုင်ပွဲတွင် မြန်မာကစားသမား (၃)ဦး ကွာတားဖိုင်နယ် တက်ရောက်ခဲ့ပြီး ၂၀၁၈ ပြိုင်ပွဲ ချန်ပီယံအက်ဗာနီသည် မြန်မာကစားသမား ချစ်ကိုကိုအား ရှုံးနိမ့်ပြီး ရှုံးထွက်အဆင့်မှ ထွက်ခဲ့ရကြောင်း သိရသည်။

(၁၆) ဦးရှုံးထွက်အဆင့်ပွဲစဉ်များကို ယနေ့ (စက်တင်ဘာ ၁၀ ရက်) နံနက်ပိုင်းက ကျင်းပရာ ချစ်ကိုကို (မြန်မာ) အက်ဗာနီ (အိန္ဒိယ) ကို (၆၀၁-၅၃၅) မှတ်၊ နေသွေးဦး (မြန်မာ) က စတီဗင် (သြစတြေးလျ) ကို (၆၀၀-၄၀၉) မှတ်၊ ပေါက်စ (မြန်မာ)က ဆစ်ဝါလာ (အိန္ဒိယ) ကို (၆၀၁-၅၂၁) မှတ်ဖြင့် အနိုင်ရခဲ့သည်။ 

အခြားပွဲများတွင် ပီတာဂေးလ်ခရစ် (စင်ကာပူ) က မင်းစည်သူထွန်း (မြန်မာ)ကို (၆၀၀-၃၈၉) မှတ်၊ ကူမာ (အိန္ဒိယ)က ဆူရန်နာရာရန်နန် (အိန္ဒိယ) ကို (၆၀၀-၂၃၄) မှတ်၊ ဒါမာနီ (အိန္ဒိယ)က ဟာရစ် (အိန္ဒိယ) ကို (၆၀၁-၃၈၃) မှတ်၊ ပရာပွတ် (ထိုင်း) က ပါရစ် (အိန္ဒိယ) ကို (၆၀၀-၅၂၈) မှတ်၊ မိုက်ရပ်ဆဲလ် (အင်္ဂလန်) က တာကာ (အိန္ဒိယ) ကို (၆၀၁-၃၂၂) မှတ်ဖြင့် အနိုင်ရခဲ့သည်။

ကွာတားဖိုင်နယ်ပွဲစဉ်များကို စက်တင်ဘာ (၁၀) ရက် (ယနေ့) ညနေ (၄) နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ချစ်ကိုကို (မြန်မာ) နှင့် ပီတာဂေးလ်ခရစ် (စင်ကာပူ)၊ ကူမာ (အိန္ဒိယ) နှင့် ပေါက်စ (မြန်မာ)၊ နေသွေးဦး (မြန်မာ) နှင့် ဒါမာနီ (အိန္ဒိယ)၊ ပရာပွတ် (ထိုင်း) နှင့် မိုက်ရပ်ဆဲလ် (အင်္ဂလန်) တို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 


READ NEXT
Cancel OK