ပြီးခဲ့သည့်နွေရာသီအပြောင်းအ ရွှေ့ကာလက ရီးယဲလ်မက်ဒရစ်အသင်းထံသို့ ပေါ့ဘာ မပြောင်းရွှေ့ခဲ့ခြင်းမှာ Adidas က ဝင်ရောက်ညိနှိုင်းပေးခဲ့ခြင်းကြောင့်ဖြစ်ကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။
နာမည်ကြီးအားကစားပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Adidas သည် ပေါ့ဘာနှင့်ရော၊ မန်ယူအသင်းနှင့်ပါ စပွန်ဆာစာချုပ် ချုပ်ဆိုထားသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။
ပေါ့ဘာနှင့် Adidasတို့သည် (၁၀) နှစ်စာချုပ်ချုပ်ဆိုထားခဲ့ပြီး၊ ယခုအချိန်တွင် စာချုပ်သက်တမ်း (၃)နှစ်မြောက်ကို ဖြတ်သန်းလျက်ရှိသည်။
Adidas က ပေါ့ဘာ မန်ယူအသင်းတွင် ဆက်ရှိနေခြင်းက အကောင်းဆုံးအဖြစ်ယူဆကာ အသင်းမှထွက်ချင်နေသည့် ပေါ့ဘာနှင့် မန်ယူအသင်းတို့အကြား ဝင်ရောက်ညိနှိုင်းပေးခဲ့ခြင်း ဖြစ်ပြီး ယင်းဆွေးနွေးမှုမှာ အောင်မြင်ခဲ့သဖြင့် ပေါ့ဘာသည် မန်ယူအသင်းတွင် ဆက်ရှိနေခဲ့ခြင်းဖြစ်သည်။
Adidas သည် ရီးယဲလ်မက်ဒရစ်အသင်းကိုလည်း စပွန်ဆာပေးထားသဖြင့် ပေါ့ဘာ၏ အပြောင်းအရွှေ့မှာ ပြဿနာမဖြစ်သော်လည်း ရီးယဲလ်အသင်းတွင် ပုဂ္ဂိုလ်ရေးစာချုပ်များအဖြစ် ဘန်ဇီမာနှင့် ဂါရတ်ဘေးလ် တို့ကို စာချုပ်ထားရာ ပေါ့ဘာ မန်ယူအသင်းတွင် ဆက်ရှိနေခြင်းက စီးပွားရေးအမြင်အရ ပိုမိုကောင်းမွန်နေသဖြင့် ယင်းကဲ့သို့ ကြားဝင်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
