စက်တင်ဘာ (၅)ရက်က ကစား ခဲ့သည့် အင်ဒိုနီးရှား(၂-၃) မလေးရှားပွဲစဉ်မှ ဖြစ်ရပ်ကြောင့် ၂၀၂၁ ယူ-၂၀ ကမ္ဘာ့ဖလား အိမ်ရှင်လျှောက်ထားမှုကို သက်ရောက်မှုရှိနိုင်ကြောင်း အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်(PSSI) မီဒီယာနှင့် ကြော်ငြာဌာနအကြီးအကဲ ဂါတော့ဝီဒက်ဒိုက ဝန်ခံပြောကြားခဲ့သည်။
၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် အဖြစ်ကစားခဲ့သည့် အဆိုပါပွဲစဉ်တွင် အင်ဒိုနီးရှားပရိသတ်များ၏ဆူပူ သောင်းကျန်းမှုကြောင့် ပွဲချိန် (၇၅)မိနစ်၌ ခေတ္တရပ်နားခဲ့ရသလို၊ ပွဲကြည့်စင်ပေါ်တွင် မလေးရှားပရိသတ်များအား မီးရှူးမီပန်း၊ ရေသန့်ဘူးများဖြင့် ပစ်ပေါက်ခြင်းများ ပြုလုပ်ခဲ့သည်။
ထို့ ပြင် မလေးရှားအသင်းက အနိုင်ဂိုးသွင်းယူခဲ့ပြီးနောက် အင်ဒိုနီးရှားပရိသတ်များမှာ ကွင်းအတွင်းဝင်ရောက် လာခဲ့ကြရာ လုံခြုံရေးများက ထိန်းသိမ်းခဲ့ရသည်။
ယင်းကဲ့သို့ဖြစ်ရပ်များကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)၏အရေးယူမှုကိုခံရဖွယ်ရှိနေရာ PSSIက စိုးရိမ်နေခြင်းဖြစ်သည်။
ဝီဒက်ဒိုက ''ကျွန်တော်တို့ နောင်တရခဲ့တဲ့ဒီဖြစ်ရပ်က အိမ်ရှင်လျှောက်ထားမှုအပေါ် သက်ရောက်မှု ဘယ် လောက်ရှိနိုင်သလဲဆိုတာ မပြောနိုင်ပါဘူး။ သက်ရောက်မှုမကြီးမားဖို့တော့ မျှော်လင့်ပါတယ်။ ဖီဖာရဲ့ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ စောင့်ကြည့်သွားမှာပါ''ဟု ဆိုခဲ့သည်။
အင်ဒိုနီး ရှားနိုင်ငံသည် ၂၀၂၁ ယူ-၂၀ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ကျင်းပခွင့်ရရန် ဘရာဇီးလ်၊ ပီရူးတို့နှင့်အပြိုင်လျှောက် ထားပြီး အောက်တိုဘာ (၂၃၊ ၂၄) ရက်တွင် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့၌ အတည်ပြုရွေးချယ်မည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
