ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီးအသင်းသည် ဘောလုံးသမိုင်းတစ်လျှောက် လူစာရင်းတန်ဖိုး ယူရိုသန်း (၁ဝဝဝ)ကျော်သည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။
ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီးအသင်းသည် ဘောလုံးသမိုင်းတစ်လျှောက် လူစာရင်းတန်ဖိုး ယူရိုသန်း (၁ဝဝဝ)ကျော်သည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။
ယခုကဲ့သို့ တန်ဖိုးဖြတ်မှုကို နာမည်ကျော်ဘောလုံးသုတေသနေအဖွဲ့ (CIES) ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မန်စီးတီးအသင်း၏ လူစာရင်းတန်ဖိုး တစ်နည်းအားဖြင့် မန်စီးတီးအသင်းမှ ကစားသမားများ၏ စုစုပေါင်းတန်ဖိုးမှာ ယူရို(၁၀၁၄)သန်းရှိသည်ဟု သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
CIES သည် ကစားသမား များကို ၎င်းတို့၏ စံနှုန်းများအတိုင်း တန်ဖိုးဖြတ်ကာကလပ်အသင်းများ၏ လူစာရင်းတန်ဖိုးများကို ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။
မန်စီးတီး၏နောက် ဒုတိယနေရာတွင် PSG အသင်းက ယူရို(၉၁၃)သန်းဖြင့် ရပ်တည်ခဲ့ပြီး တတိယနေရာတွင် ရီးယဲလ်အသင်းက ယူရို(၉၀၂)သန်းဖြင့် ရပ်တည်ခဲ့သည်။
ထူးခြားမှုမှာ မန်စီးတီးအသင်းက တန်ဖိုးအကြီးဆုံးအဖြစ် ရပ်တည်ခဲ့သော်လည်း ပရီးမီးယားလိဂ်မှ တန်ဖိုးအနည်းဆုံးဖြစ်သော နောဝစ်ချ်အသင်းနှင့် နှိုင်းယှဉ်ပါက တန်ဖိုး(၃၂)ဆသာ ကွာခြားခဲ့သည်။
ထို့ကြောင့် ပရီးမီးယားလိဂ်သည် ဥရောပ ထိပ်သီးလိဂ်(၅)ခုထဲ၌ ထိပ်ဆုံးအသင်းနှင့် အောက်ဆုံးအသင်း အကြား တန်ဖိုးကွာခြားမှုအနည်းဆုံးလိဂ်အဖြစ်လည်း ရပ်တည်ခဲ့သည်။
လိဂ်အလိုက် တန်ဖိုးကွာခြားမှုအများဆုံးဖြစ်နေသည်မှာ လာလီဂါဖြစ်ပြီး ရီးယဲလ်အသင်း၏ လူစာရင်းတန်ဖိုးနှင့် မာယော့ကာအသင်း၏ လူစာရင်းတန်ဖိုးမှာ (၁၄၈)ဆ ကွာခြားနေခြင်းဖြစ်သည်။
ထို့နောက် ပြင်သစ်လီဂူးတွင် PSG အသင်း နှင့် နီးစ်အသင်းတို့က တန်ဖိုး(၁၁၄)ဆ၊ ဘွန်ဒစ်လီဂါတွင် ဘိုင်ယန်မြူးနစ်နှင့် ပါဒါဘွန်းတို့က တန်ဖိုး(၈၅)ဆ၊ စီးရီးအေတွင် ဂျူဗင်တပ်စ်နှင့် လက်ချီတို့က တန်ဖိုး(၆၃)ဆ ကွာခြားနေကြကြောင်း သိရှိရသည်။
ယခုအချက်မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ပြိုင်ဆိုင်မှုပြင်းထန်ခြင်းကို သက်သေပြရာလည်း ရောက်ခဲ့သည်။ လူစာရင်းတန်ဖိုးအမြင့်ဆုံး (၁၀)သင်းစာရင်းတွင် ပရီး မီးယားလိဂ်မှ (၅)သင်း ပါဝင်ခဲ့ကြောင်းလည်း တွေ့ရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
