မကွေးမြို့ရှိ “ချိုချို”စိန်ရွှေရတနာဆိုင်တွင် သေနတ်ဖြင့် ပစ်ခတ် ခြိမ်းခြောက်၍ ကျပ် ၇၅၄ သိန်းခန့် တန်ဖိုးရှိ ရွှေထည်ပစ္စည်း ၁၃ ကျပ်သားခန့်အား လုယက်မှုကျူးလွန်ခဲ့သူ နှစ်ဦးအား သက်သေခံရွှေထည်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၂၈ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ အောင်ရတနာရပ်ကွက်ရှိ “ချိုချို” စိန်ရွှေရတနာဆိုင်သို့ အမျိုးသားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဆိုင်အတွင်းဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ဆိုင်အတွင်းရှိ မှန်ကောင်တာအား တူဖြင့် ထုခွဲကာ ဆွဲသီးပါရွှေဆွဲကြိုး ၂၀ ကုံး၊ ရွှေကလစ် ၁၅ ခု၊ ရွှေအလေးချိန် ၁၃ ကျပ်သားခန့်၊ စုစုပေါင်းတန်ဖိုး ကျပ် ၇၅၄ သိန်းခန့်အား လုယက်ယူဆောင် ခဲ့ပြီး သေနတ်ပစ်ခတ်ခဲ့မှုကြောင့် ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးထွန်းထွန်းဦးနှင့် ဆိုင်အပြင် လမ်းမပေါ်တွင် ရှိနေသည့် ဦးအောင်မျိုးမြင့်ပိုင် တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် မကွေးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုရေးဖွင့်၍ ကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လုယက်မှုကျူးလွန်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်ကင်း၊ ပတ်ကင်းများဖြင့် စုံစမ်းရှာဖွေခြင်း၊ မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်များမှ ပိတ်ဆို့စစ်ဆေးရှာဖွေခြင်းများ ဆောင်ရွက်ခဲ့ရာ “ချိုချို” စိန်ရွှေရတနာဆိုင် အား သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများလုယက်မှုကျူးလွန်ခဲ့သူ မင်းဘူးမြို့နယ်၊ အောင်မြေသိမ်ကုန်းရပ်ကွက်နေ အောင်ဇော်ထွန်း အား ယင်းနေ့ည ၇ နာရီခွဲတွင် မကွေးမြို့နယ်၊ ယင်းဆိပ်စစ်ဆေးရေးဂိတ်၌ ၎င်းစီးနင်းလာသည့် NewAnbo 125 အမျိုးအစား အနက်ရောင်ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိထားသည့် အောင်ဇော်ထွန်း၏ ထွက်ဆိုချက်အရ ၎င်းနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နေ အောင်မင်းသူ (ခ) မိုးသန်း တို့ နှစ်ဦးသည် “ချိုချို”စိန်ရွှေရတနာဆိုင်အား သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများအား လုယက်ယူဆောင်ခဲ့ပြီး လုယက်ယူဆောင်လာသည့် ရွှေထည်ပစ္စည်းများအား ရှားပင်လှကျေးရွာအနီးရှိ လျှိုတစ်ခုအတွင်း၌ ဝှက်ထားခဲ့ကြောင်းသိရှိရသဖြင့် နိုဝင်ဘာလ ၂၉ ရက် နံနက် ၄ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်ရှာဖွေခဲ့ရာ အဆိုပါနေရာတွင် အနက်ရောင်ဘေးလွယ်အိတ်အတွင်းမှ ရွှေဆွဲကြိုး ၁၈ ကုံး၊ ရွှေကလစ် ၅ ခုနှင့် အခင်းဖြစ်စဉ် အသုံးပြုခဲ့သည့် GLOCK 19 အမျိုးအစား ပစ္စတိုသေနတ် တစ်လက်၊ ကျည်အိမ် ၂ ခု၊ ၎င်းကျည် ၁၁ တောင့်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် အောင်မင်းသူ (ခ)မိုးသန်းအား နိုဝင်ဘာလ ၂၉ ရက်ည ၇ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရွှေဆံတော်ဘုရားပေါ်ရှိ ကျားပျံဓမ္မာရုံ၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူနှစ်ဦးဖြစ်သည့် အောင်ဇော်ထွန်းနှင့် အောင်မင်းသူ(ခ)မိုးသန်း တို့အား ထပ်မံစစ်ဆေးချက်အရ လုယက်မှုကျူးလွန်စဉ် ပစ်ခတ်သုံးစွဲခဲ့သည့် GLOCK 19 အမျိုးအစား ပစ္စတိုသေနတ်နှင့် ကျည်အိမ် ၂ ခု၊ ၎င်းကျည် ၁၄ တောင့်အား အောင်ဇော်ထွန်းမှ လွန်ခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း ကရင်ပြည်နယ်၊ မြဝတီမြို့ နယ်တွင် သွားရောက်အလုပ်လုပ်ကိုင်စဉ် အမျိုးသားတစ်ဦး(စိစစ်ဆဲ)ထံမှ ငွေကျပ် ၂၅ သိန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ချိုချိုစိန်ရွှေရတနာဆိုင်အား လုယက်မှုကျူးလွန်ရန် ၎င်းတို့နှစ်ဦးသည် လုယက်မှုမကျူးလွန်မီ နှစ်ရက်ခန့်ကြိုတင်၍ စိန်ရွှေရတနာဆိုင်၏ ရောင်းချ နေမှုအခြေအနေနှင့် လူဝင်၊ လူထွက်အခြေအနေများအား စောင့်ကြည့်ခဲ့ကာ လုယက်မှု ကျူးလွန်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါကဲ့သို့ သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများလုယက်မှုကျူးလွန်ခဲ့သူ အောင်ဇော်ထွန်းနှင့် အောင်မင်းသူ(ခ)မိုးသန်းတို့နှစ်ဦးအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
