ကယားပြည်နယ် လွိုင်လင်လေးမြို့ ထီးစဲခါးကျေးရွာမှ ဆရာတော်တစ်ပါး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ပျံလွန်တော်မူခဲ့ကြောင်းသိရသည်။
ထီးစဲခါးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာဝံသ အမှူးပြုသည့် သံဃာတော်ငါးပါးသည် နိုဝင်ဘာ ၃၀ ရက်တွင် လွိုင်ကော်-ဆီဆိုင်သွားကားလမ်းတွင် ခရီးသွားစဥ် အောင်ကလပ်ကျေးရွာအနီး၌ လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရကြောင်းသိရသည်။
ထိုသို့ပစ်ခတ်မှုကြောင့် ဆရာတော် ဥူးပီညောဘာသ၊ ဥူးစန္ဒိမာနှင့် ဥူးပဏ္ဍိတ တို့တွင် လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ဥူးစန္ဒိမာသည် ရရှိခဲ့သည့် ဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဥ်နှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ထုတ်ပြန်ချက်တွင် လွိုင်လင်လေးမြို့ ထီးစဲခါးကျေးရွာရှိ ထီးစဲခါးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာဝံသ အမှူးပြုသော သံဃာတော် ငါးပါးသည် နိုဝင်ဘာ ၃၀ ရက် နံနက် ၈ နာရီ ခန့်တွင် ကျောင်းတိုက်၌ စေတီတော်အသစ်တည်ထားကိုးကွယ်ရန် လိုအပ်သည့် ပစ္စည်းများ ဝယ်ယူရန်အတွက် မန္တလေးမြို့သို့ မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် လွိုင်ကော်-ဆီဆိုင်သွားကားလမ်း၊ အောင်ကလပ်ကျေးရွာအနီးသို့ အရောက်၌ KNDF နှင့် PDF များက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် သံဃာတော်များဖြစ်ကြသည့် ဥူးပီညောဘာသ၊ ဥူးစန္ဒိမာနှင့် ဥူးပဏ္ဍိတ တို့တွင် လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ဥူးစန္ဒိမာ သည် ရရှိခဲ့သည့် ဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ကြောင်း ဖော်ပြထားသည်။
ထို့နောက်ပျံလွန်တော်မူခဲ့သည့် ဆရာတော် ဥူးစန္ဒိမာ၏ ရုပ်ကလာပ်တော်အား လွိုင်ကော်မြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံသို့ ပင့်ဆောင်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ဆရာတော်၏ ရုပ်ကလာပ်တော်အား ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက် ဖူးမြော်ခဲ့ကြပြီး အန္တိမဈာပနပူဇာ ပြုလုပ်ရန်အတွက် တာဝန်ရှိသူများထံ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်းအပြင် လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြသည့် သံဃာတော်နှစ်ပါးကိုလည်း တောင်ကြီးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ပင့်ဆောင်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ် နှင့် တာဝန်ရှိသူများက သွားရောက်ဖူးမြော်၍ နဝကမ္မဝတ္ထုငွေ၊ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း နစက၏ထုတ်ပြန်မှုအရ သိရသည်။
အလားတူ အောက်တိုဘာ ၃၁ ရက်ကလည်းစစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် အုန္နဲပေါင်းကျေးရွာတွင် ကျောင်းထိုင်ဆရာတော်တစ်ပါး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရသည်။
ယခုသေနတ်ဖြင့် ပစ်ခတ်ခံရသည့်
ဆရာတော်များအပါအဝင် လုပ်ကြံသတ်ဖြတ်မှုများကြောင့် သံဃာတော်အပါး ၁ဝဝ ဝန်းကျင်ခန့် ပျံလွန်တော်မူခဲ့ရပြီး သင်းအုပ်ဆရာတစ်ဦးလည်း သေဆုံးခဲ့ကြောင်းသိရသည်။
ပဋိပက္ခဖြစ်စဉ်နှင့် သတ်ဖြတ်မှုများအတွင်း သံဃာ ၁ဝဝ ဝန်းကျင်နှင့် သင်းအုပ်ဆရာတစ်ဦး သတ်ဖြတ်ခံရမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သော်လည်း အချက်အလက်များအရမူ အခြားသော ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များ လုပ်ကြံသတ်ဖြတ်ခံရမှုဖြစ်စဉ်များ မရှိသည်ကိုတွေ့ရသည်။နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများနှင့် တိုက်ပွဲများကြောင့်ပျံလွန်တော်မူခဲ့သည့် ရဟန်းသံဃာဦးရေသည် ရာခိုင်နှုန်းအားဖြင့် အနည်းငယ်မျှသာရှိပြီး ရာခိုင်နှုန်း ၉၀ ကျော်မှာမူ အမျိုးမျိုးသောစွပ်စွဲချက်များဖြင့် PDF များ၏ သတ်ဖြတ်မှုများကြောင့် ပျံလွန်တော်မူခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ရဟန်းသံဃာတော်များအား လုပ်ကြံသတ်ဖြတ်မှုဖြစ်စဉ်များထဲတွင် သက်တော်အကြီးဆုံးအဖြစ် သက်တော် ၉၃ နှစ်အရွယ်ဆရာတော်ကဲ့သို့ သက်ကြီးဝါကြီး သံဃာတော်များပါဝင်ခြင်း၊ သံဃာအချို့မှာ ဦးခေါင်းဖြတ်၍ လုပ်ကြံသတ်ဖြတ်ခံရခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း၊ ဆွမ်းစားနေစဉ် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရခြင်း အစရှိသော ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ ပါဝင်ခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ပဋိပက္ခများအတွင်း နှစ်ဖက်စာရင်းများအရ ပျံလွန်တော်မူခဲ့သည့် သာသနာ့ တာဝန်ထမ်းဆောင်နေသော သံဃာတော် ၁ဝဝ ခန့်အပါအဝင် အရပ်သားသေဆုံးမှုသည် တစ်သောင်းကျော်ထိ ရှိပြီဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
