ဘုရားသုံးဆူမြို့တွင် နိုဝင်ဘာ ၂၉ ရက် မွန်းလွဲပိုင်း က ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် နှစ်ဖက်ဂိတ်စခန်းနှင့် တပ်ဖွဲ့ဝင်များ ဆုတ်ခွာပေးရန် သဘောတူညီမှုရရှိခဲ့ကြောင်း ယင်းတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဘုရားသုံးဆူမြို့၊ ဂျပန်ရေတွင်းကျေးရွာရှိ မွန်ပြည်သစ်ပါတီတပ်စခန်း လုံခြုံရေးဂိတ် နှင့် မီတာ (၂၅၀) ခန့်အကွာ ဘုရားသုံးဆူမြို့ နှင့် ဂျပန်ရေတွင်းကျေးရွာကြားတွင် DKBA က ဂိတ်စခန်းတစ်ခုအသစ်တည်ဆောက်ရန်လုပ်ဆောင်နေသည့်အပြင်၊ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအနီးရှိ ဓမ္မဝိဟာရဘုန်းကြီးကျောင်းအနီးတဝိုက်၊ ဘုရားသုံးဆူမြို့မ ရဲစခန်းအနောက်ခြမ်းလမ်းသွယ်၊ ကြံတောကျေးရွာဘက်သို့သွားသည့် မြို့မရဲစခန်းအနောက်ခြမ်းလမ်းသွယ် နှင့် ထိုင်း - မြန်မာနယ်စပ်ကားလမ်းအနီးနေရာများအား DKBA တပ်ဖွဲ့မှ ဝင်ရောက်နေရာယူခဲ့သည့် အတွက်ကြောင့် ပြီးခဲ့သည့် နိုဝင်ဘာလ (၂၇) ရက်နေ့မှစတင်က NMSP နှင့် DKBA အကြား အခြေအနေတင်းမာမှုဖြစ်ပေါ်နေခဲ့သည့်။
ထိုအခြေအနေကြောင့် ယမန်နေ့ နိုဝင်ဘာလ (၂၉) ရက်နေ့ မွန်းလွဲ (၂) နာရီအချိန်က ဘုရားသုံးဆူမြို့၊ အမှတ် (၁) ရပ်ကွက်၊ သီရိရတနာလမ်းရှိ DKBA အမှတ် (၂) နည်းဗျူဟာမှူး ဗိုလ်မှူးကြီး စောအေးဝမ်း ၏ နေအိမ်တွင် DKBA မှ တာဝန်ရှိသူများနှင့် မွန်ပြည်သစ်ပါတီ မှ ပြည်တွင်းရေးရာဌာနတာဝန်ခံ နိုင်အောင်မငေး ဦးဆောင်သော တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။
အချိန် (၃) နာရီကျော်ကြာတွေ့ဆုံဆွေးနွေးမှုအတွင်း DKBA ဘက်မှ ကြံတောကျေးရွာရှိ ၎င်းတို့၏ ဂိတ်စခန်းအား ဆုတ်ခွာပေးမည့်အပြင်၊ NMSP ဘက်မှလည်း ဂျပန်ရေတွင်းကျေးရွာအသွားလမ်းရှိ ဂိတ်စခန်းအား နောက်ဆုတ်ပေးသွားမည်ဟု သဘောတူညီမှုရရှိခဲ့ကြောင်း မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့အပြင် DKBA နှင့် NMSP တို့မှ နှစ်ဖက်တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပြီးနောက် နိုဝင်ဘာလ (၂၉) ရက်နေ့ ညနေပိုင်းအချိန်တွင် ဘုရားသုံးဆူမြို့ ထိုင်း - မြန်မာနယ်ခြားပတ်လမ်းမှ ကြံတောကျေးရွာဘက်သွားသည့် ရော်ဘာခြံများအတွင်း နေရာယူထားသော DKBA တပ်ဖွဲ့ဝင်များ ပြန်လည်ရုပ်သိမ်းလိုက်ပြီးဖြစ်ကြောင်း DKBA နှင့် နီးစပ်သူများထံမှ သိရသည်။
ထိုသို့ DKBA နှင့် NMSP တပ်ဖွဲ့များအကြား တင်းမာမှုများဖြစ်ပေါ်နေစဉ် ထိုင်းနိုင်ငံဘက်မှလည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်များအား ဇာတ်တိုက်လေ့ကျင့်မှုများလုပ်ဆောင်ခဲ့ကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA ) တွင်လက်မှတ်ရေးထိုးထားကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြကြောင်း သိရသည်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့တွင် ပြီးခဲ့သည့် (၂၀၂၃) ခုနှစ် ဇန်နဝါရီလ (၂၃) ရက်နေ့ ညပိုင်းက ဌာနဆိုင်ရာရုံးများ မီးရှို့ဖျက်ဆီးခံခဲ့ရပြီးနောက်ပိုင်းတွင်၊ ဘုရားသုံးဆူမြို့အား ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA အဖွဲ့မှ ဦးစီးကာ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA – (PC) ၊ ကရင်နယ်ခြားစောင့်တပ် (BGF) နှင့် မွန်ပြည်သစ်ပါတီ (NMSP) စသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပူးပေါင်းကာ မြို့လုံခြုံရေးဆောင်ရွက်ပေးနေကြောင်း နှင့် စစ်တပ်မှာ တပ်ကုန်းအတွင်းထဲတွင်သာ ရှိကြောင်း မြို့ခံများထံမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
