Top News

ဆာရီကို နည်းပြသစ်အဖြစ် ဂျူဗင်တပ်စ်အသင်း (၃)နှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့ပြီး တစ်နှစ်လစာ ယူရို(၆)သန်း ပေးချေသွားမည်
24htopnews | December 1, 2024 11:12 PM CST

စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်း သည် ချယ်လ်ဆီးအသင်းမှ အီတလီနည်းပြ ဆာရီကို နည်းပြသစ်အဖြစ် (၃)နှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့ပြီး တစ်နှစ်လစာ ယူရို(၆)သန်း ပေးချေသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဂျူဗင်တပ်စ်အသင်းသည် ဆာရီကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် ယူရိုပါလိဂ်ဗိုလ်လုပွဲ ပြီးကတည်းက သဘောတူညီမှု ရရှိထားပြီးဖြစ်သော်လည်း ချယ်လ်ဆီးအသင်းနှင့်လျော်ကြေး ကိစ္စဆွေးနွေးမှု အဆင်မပြေသည့်အတွက် ကြန့်ကြာနေခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။  

တနင်္ဂနွေနေ့တွင် နှစ်သင်းကြားသဘောတူညီမှု ရရှိခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းက ဆာရီ နှင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ပြီးမကြာမီ ဂျူဗင်တပ်စ်အသင်းကလည်း ဆာရီကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။

သို့သော် အင်္ဂလန်မီဒီယာများက ဆာရီအတွက် ဂျူဗင်တပ်စ်အသင်း ပေးချေခဲ့ရသည့် လျော်ကြေးမှာ ပေါင်(၅)သန်းမှ (၁၀)သန်းကြားတွင် ရှိသည်ဟု ဖော်ပြခဲ့ကြ၍ အီတလီမီဒီယာများကမူ ပေါင်(၁.၁)သန်းသာ ပေးချေခဲ့ရပြီး လာမည့်ရာသီတွင် ဂျူဗင်တပ်စ်အသင်း ချန်ပီယံလိဂ်ဖလား ရရှိမှသာ လျော်ကြေးထပ်ပေးရမည်ဖြစ်သည်ဟု ဖော်ပြခဲ့ကြသည်။

ထို့ပြင် မူလက ဆာရီသည် ချယ်လ်ဆီးအသင်းတွင် ဆက်ရှိလိုသော်လည်း ချယ်လ်ဆီး အသင်းက အလိုမရှိတော့၍ လမ်းခွဲရမည့်အ ခြေအနေ ဖြစ်လာခဲ့သည်ဟု သတင်းထွက်ခဲ့ သော်လည်း ယခုအခါ ချယ်လ်ဆီးအသင်းက အီတလီသို့ ပြန်လိုသည့် ဆာရီ၏ဆန္ဒကို လိုက် လျောခဲ့ရခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။

ချယ်လ်ဆီးအသင်း၏ အပြောင်းအရွှေ့များကို အဓိက ကြိုးကိုင်နေသည့် ဒါရိုက်တာ ဂရာနော့ဗ်စကီယာက ''ယူရိုပါလိဂ်ဗိုလ်လုပွဲပြီးကတည်းက ကျွန်မတို့ ဆွေးနွေးခဲ့ပါတယ်။ ဆာရီက သူ့ နိုင်ငံကိုပြန်ချင်စိတ် ဘယ်လောက် ပြင်းထန်နေသလဲဆိုတာ သိခဲ့ရပါတယ်။ အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ မိဘတွေနဲ့ အနီးကပ်ရှိနေဖို့ လိုအပ်တယ်လို့လည်း သူက ယူဆနေပါတယ်''ဟု ရှင်းလင်းပြောကြားခဲ့သည်။

ဆာရီ၏ဖခင် အမ်မာရီဂိုသည် စက်ဘီးစီးကစားသမားဟောင်းတစ်ဦးဖြစ်ပြီး အသက် (၉၁)နှစ်ပြည့်ခါနီးပြီဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK