ဆီမီးဖိုင်နယ်ပွဲမှာ သက်ထားသူဇာအတွက် ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ပထမပွဲငယ်ရှုံးနိမ့်ပြီးမှ ပွဲငယ်နှစ်ပွဲဆက် ပြန်လည်အနိုင်ရခဲ့သောကြောင့် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်လုပွဲတွင် ဖင်လန်ကစားသမား အီရီမစ်ကီလာနှင့် တွေ့ဆုံခဲ့ပြီး နှစ်ပွဲပြတ် အနိုင်ရခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် အီရီမစ်ကီလာကို ၂၁-၁၀ မှတ်၊ ၂၁- ၁၉ မှတ်ဖြင့် နှစ်ပွဲပြတ်အနိုင်ရကာ ချန်ပီယံ ဖြစ်ခဲ့ခြင်းဖြစ်သည်။
မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် မောရစ်သျှနိုင်ငံ၌ ကျင်းပသည့် International Series ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ချန်ပီယံဆုဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို ဇွန် ၁၃ ရက်မှ ၁၆ ရက် အထိ ကျင်းပခဲ့ပြီး ဗိုလ်လုပွဲတွင် ဖင်လန်ကစားသမားကို အနိုင်ယူကာ ချန်ပီယံဆုရခဲ့ခြင်းဖြစ်သည်။
သက်ထားသူဇာသည် ယင်းပြိုင်ပွဲတွင် ပထမအဆင့်မှ စတင်ယှဉ်ပြိုင်ခဲ့ရပြီး အိမ်ရှင် မောရစ်သျှကစားသမား လိုမာဘိုဟာကို ၂၁-၃ မှတ်၊ ၂၁-၁၀ မှတ်ဖြင့် နှစ်ပွဲပြတ်၊ ဒုတိယအဆင့်တွင် မလေးရှားကစားသမား ရာဒီကာရီရှာနန်ကို ၂၁-၁၉ မှတ်၊ ၂၁-၁၂ မှတ်ဖြင့် နှစ်ပွဲပြတ်၊ ကွာတားဖိုင်နယ်တွင် အိမ်ရှင် မောရစ်သျှကစားသမား ကိတ်ဖိုကူနီကို ၂၁- ၁၉ မှတ်၊ ၂၁-၁၆ မှတ်ဖြင့် နှစ်ပွဲပြတ်၊ ဆီမီးဖိုင်နယ်တွင် အိန္ဒိယကစားသမား ချူကာကို ၁၃-၂၁ မှတ်၊ ၂၁-၁၉ မှတ်၊ ၂၁-၁၆ မှတ်၊ (၂-၁) ပွဲဖြင့် အနိုင်ရခဲ့သည်။
ဆီမီးဖိုင်နယ်ပွဲမှာ သက်ထားသူဇာအတွက် ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ပထမပွဲငယ်ရှုံးနိမ့်ပြီးမှ ပွဲငယ်နှစ်ပွဲဆက် ပြန်လည်အနိုင်ရခဲ့သောကြောင့် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်လုပွဲတွင် ဖင်လန်ကစားသမား အီရီမစ်ကီလာနှင့် တွေ့ဆုံခဲ့ပြီး နှစ်ပွဲပြတ် အနိုင်ရခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် အီရီမစ်ကီလာကို ၂၁-၁၀ မှတ်၊ ၂၁- ၁၉ မှတ်ဖြင့် နှစ်ပွဲပြတ်အနိုင်ရကာ ချန်ပီယံ ဖြစ်ခဲ့ခြင်းဖြစ်သည်။
သက်ထားသူဇာသည် ၂၀၁၈ ခုနှစ် အောက်တိုဘာမှစ၍ နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုများ ဆက်တိုက်ရယူနိုင်ခဲ့ပြီး ယခုနှစ်အတွင်း ကျင်းပသည့်ပြိုင်ပွဲများအနက် ယူဂန္ဓာနိုင်ငံ၌ကျင်းပသည့် International Series ပြိုင်ပွဲနှင့် ကင်ညာနိုင်ငံ၌ကျင်းပသည့် Future Series ပြိုင်ပွဲတွင် ချန်ပီယံဆုရယူနိုင်ခဲ့သည်။ သက်ထားသူဇာသည် ၂၀၁၈ ခုနှစ် အောက်တိုဘာတွင် အီဂျစ်နိုင်ငံ၌ ကျင်းပသည့် International Series ပြိုင်ပွဲတွင် ချန်ပီယံဆုရခဲ့ပြီး ယင်းချန်ပီယံဆုမှာ နိုင်ငံတကာ ပြိုင်ပွဲများတွင် ပထမဆုံးဆွတ်ခူးရရှိသည့် ချန်ပီယံဆုလည်း ဖြစ်ခဲ့သည်။ သက်ထားသူဇာသည် ၂၀၁၈ အောက်တိုဘာမှ ၂၀၁၉ ဇွန်လ အထိ နိုင်ငံတကာပြိုင်ပွဲများမှ ချန်ပီယံဆု လေးကြိမ်၊ ဒုတိယဆု တစ်ကြိမ်ရရှိထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
