အာဂျင်တီးနားလက်ရွေးစင်အသင်း အနေဖြင့် ၁၉၉၃ ကိုပါအမေရိကဖလားပြိုင်ပွဲတွင် ဗိုလ်စွဲပြီးနောက်ပိုင်း အဓိကနိုင်ငံတကာပြိုင်ပွဲများ၌ အောင်မြင်မှုဝေးကွာနေရာ စကာလိုနီက ယင်းကဲ့သို့ နောက်ပြောင်ပြောကြားခဲ့ခြင်းဖြစ်သည်။
အာဂျင်တီးနားလက်ရွေးစင်အသင်းနည်းပြ စကာလိုနီက ကိုပါအမေရိကဖလားပြိုင်ပွဲ၌ အနိုင်ရ ဗိုလ်စွဲလျှင် နည်းပြဘဝမှ အနားယူမည်ဖြစ်ကြောင်း နောက်ပြောင်ပြောကြားခဲ့သည်။
အာဂျင်တီးနားအသင်းသည် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ၂၀၁၅ ကိုပါအမေရိကဖလားပြိုင်ပွဲနှင့် ၂၀၁၆ ကိုပါအမေရိကဖလား နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သော်လည်း ချန်ပီယံဆုလွဲချော်ပြီး ဒုတိယဖြင့်ကျေနပ်ခဲ့ရသလို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ၁၆ သင်းအဆင့်မှ ထွက်ခဲ့ရသည်။ အာဂျင်တီးနားလက်ရွေးစင်အသင်း အနေဖြင့် ၁၉၉၃ ကိုပါအမေရိကဖလားပြိုင်ပွဲတွင် ဗိုလ်စွဲပြီးနောက်ပိုင်း အဓိကနိုင်ငံတကာပြိုင်ပွဲများ၌ အောင်မြင်မှုဝေးကွာနေရာ စကာလိုနီက ယင်းကဲ့သို့ နောက်ပြောင်ပြောကြားခဲ့ခြင်းဖြစ်သည်။
" တကယ်လို့ ကိုပါအမေရိကပြိုင်ပွဲမှာ ကျွန်တော်တို့ အနိုင်ရခဲ့မယ်ဆိုရင် ကျွန်တော်အနားယူလိုက်မှာပါ။ ဒီအသင်းက ကိုပါအမေရိကဗိုလ်လုပွဲကို နှစ်ကြိမ်ဆက် တက်ရောက်နိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲတက်နိုင်ဖို့ အရမ်းခက်ခဲပြီး ဆုဖလား ဘာမှမရခဲ့ဘူးဆိုတာကို သေသေချာချာစဉ်းစားကြည့်ဖို့ လိုပါတယ်။ အဲဒါက အရမ်းခက်ခဲပြီး ရှုပ်လည်းရှုပ်ထွေးပါတယ်။ ကျွန်တော်တို့က ဒီပြိုင်ပွဲမှာ ရှိသမျှပွဲအားလုံးကစားဖို့ ရောက်လာတာဖြစ်ပြီး ကစားသမားတွေကလည်း ဒီဂျာစီကိုဝတ်ဆင်နိုင်စွမ်းရှိတယ်ဆိုတာ ပြသသွားမှာပါ" ဟု ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် စကာလိုနီက လက်ရွေးစင်အသင်းနှင့် အောင်မြင်မှုမရဖူးသဖြင့် ဝေဖန်မှုများခံနေရသည့် အသင်းခေါင်းဆောင် မက်ဆီ၏ စိတ်အားထက်သန်မှုကို ကာကွယ်ပြောကြားမှုများ ပြုလုပ်ခဲ့သည်။ အာဂျင်တီးနားအသင်း သည် အုပ်စုအဖွင့် ပွဲအဖြစ် ယနေ့ နံနက်ပိုင်းက ကိုလံဘီယာအသင်းနှင့်ယှဉ်ပြိုင်ကစားရာ နှစ်ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
