Top News

ပြင်းထန်သည့်မတော်တဆမှုကြောင့် Tour de France လေးကြိမ်ချန်ပီယံ ဗြိတိန်စက်ဘီးသမား ခရစ္စဖရွမ်း အနည်းဆုံး ခြောက်လခန့် နားရမည်
24htopnews | December 1, 2024 11:12 PM CST

၎င်းသည် တစ်နာရီလျှင် ၅၄ ကီလိုမီတာနှုန်းဖြင့် အရှိန်ပြင်းစွာ စီးနင်းလာစဉ် လက်နှစ်ဖက်လွှတ်၍ အကျႌချွတ်ခဲ့သလို ဒုတိယအကြိမ် လက်လွှတ်၍ နှာချေစဉ် လေတိုက် နှုန်းပြင်းထန်မှုကြောင့် နံရံကို အရှိန်ပြင်းစွာ ဝင်တိုက်မိခြင်းဖြစ်သည်။

 

 Tour de France အပါအဝင် မေဂျာစက်ဘီးပြိုင်ပွဲသုံးခုစလုံး၌ ချန်ပီယံဆုရရှိထားသည့် ဗြိတိန်စက်ဘီးသမား ခရစ္စဖရွမ်းသည် မတော်တဆဖြစ်ပွားမှုကြောင့် အနည်းဆုံး ခြောက်လခန့် အနားယူရမည်ဖြစ်ကြောင်း သိရသည်။

ခရစ္စဖရွမ်း (၃၄ နှစ်) သည်  Tour de France ပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် ဇွန် ၁၂ ရက်က ပြင်သစ် နိုင်ငံ၌ ကျင်းပသည့် Criterium du Dauphine ပြိုင်ပွဲ၏ အဆင့် (၄) ပွဲ စဉ်အတွက် လေ့ကျင့်စီးနင်းမှုပြုလုပ်စဉ် မတော်တဆဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၎င်းသည် တစ်နာရီလျှင် ၅၄ ကီလိုမီတာနှုန်းဖြင့် အရှိန်ပြင်းစွာ စီးနင်းလာစဉ် လက်နှစ်ဖက်လွှတ်၍ အကျႌချွတ်ခဲ့သလို ဒုတိယအကြိမ် လက်လွှတ်၍ နှာချေစဉ် လေတိုက် နှုန်းပြင်းထန်မှုကြောင့် နံရံကို အရှိန်ပြင်းစွာ ဝင်တိုက်မိခြင်းဖြစ်သည်။

ဖရွမ်းသည် ယင်းဖြစ်ရပ်ကြောင့် လည်ပင်းရိုး၊ ယာဘက်ပေါင် ရိုး၊ တံတောင်၊ နံရိုးနှင့် တင်ပါးဆုံရိုး တစ်ချောင်းကျိုးသွားပြီး ရဟတ်ယာဉ် ဖြင့် ဆေးရုံသို့ချက်ချင်းပို့ဆောင်၍ ခြောက်နာရီကြာ ခွဲစိတ်ကုသမှုပြုလုပ် ခဲ့ရသည်။ ၎င်းအနေဖြင့် ခွဲစိတ်ကုသမှုအောင်မြင်ခဲ့သော်လည်း ဆေးရုံ၌ ရက်သတ္တပတ်ခြောက်ပတ်ခန့် ဆက်လက်နေထိုင်၍ ကုသမှုခံယူရမည် ဖြစ်ပြီး အနည်းဆုံးခြောက်လခန့် အနားယူရနိုင်ကြောင်း ခွဲစိတ်ဆရာ ဝန်များက သုံးသပ်ပြောကြားခဲ့သည်။

" ဒီလိုအသက်ဆက်ရှင်ခွင့်ရတာ ဘယ်လောက်ကံကောင်းလဲဆိုတာ ကျွန်တော်သိပါတယ်။ အနာဂတ်အတွက်ကိုပဲ အာရုံစိုက်ထားပါတယ်။ အားလုံးပျောက်ကင်းဖို့ အချိန် အကြာကြီးယူရမှာပါ။ အခုအချိန်ကစပြီးတော့ အကောင်းဆုံးပုံစံပြန်ရနိုင်ဖို့ အာရုံအပြည့်စိုက်ထားမှာပါ။  ဒီအချိန်က ခက်ခဲတဲ့အချိန်ကာလတွေပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့သုံးရက်အတွင်းမှာရရှိခဲ့တဲ့ အားပေးမှုတွေကြောင့် ခွန်အားတွေအများကြီးရလိုက်ပါတယ်။ အခုလို အားပေးမှုတွေ အများကြီးရမယ်လို့ တကယ် မမျှော်လင့်ထားပါဘူး" ဟု ဖရွမ်းက ပြောကြားခဲ့သည်။

သို့ဖြစ်ရာ ခရစ္စဖရွမ်းသည် ယခုနှစ်ကုန်ပိုင်းအထိ အနားယူရ ဖွယ်ရှိပြီး ဇူလိုင်လအတွင်းကျင်းပ မည့်  Tour de France ပြိုင်ပွဲနှင့် သြဂုတ်-စက်တင်ဘာတွင်ကျင်းပ မည့် Veulta a Espana  ပြိုင်ပွဲများကို လွဲချော်တော့မည်ဖြစ်သည်။ ၎င်းသည် မေဂျာစက်ဘီးပြိုင်ပွဲသုံးခု အနက်  Tour de France ပြိုင်ပွဲတွင် ချန်ပီယံဆုလေးကြိမ် (၂၀၁၃၊ ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇)၊ Veulta a Espana  ပြိုင်ပွဲတွင် ချန်ပီယံဆု တစ်ကြိမ် (၂၀၁၇) နှင့် Giro d'Italia ပြိုင်ပွဲ တွင် ချန်ပီယံဆုတစ်ကြိမ် (၂၀၁၈) ရရှိထားသူဖြစ်ပြီး ယင်းပြိုင်ပွဲသုံးခုစလုံး၌ အနိုင်ရဗိုလ်စွဲသည့် ပထမ ဆုံး ဗြိတိန်စက်ဘီးသမားအဖြစ်လည်း မှတ်တမ်းဝင်ထားသည်။

 


READ NEXT
Cancel OK