Top News

ချီလီနီကိုကိုက်ခဲ့ခြင်းမရှိဟု ဇနီးကိုပင် လိမ်ညာခဲ့ကြောင်းဆွာရက်ဇ် ဝန်ခံ
24htopnews | December 1, 2024 11:12 PM CST

ဆွာရက်ဇ်သည် ၂၀၁၄ ကမ္ဘာ့ ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် အီတလီအသင်းနှင့်ယှဉ်ပြိုင်ကစားစဉ် ချီလီနီ၏ပခုံးကိုကိုက်ခဲ့သောကြောင့် ဝေဖန်မှုများ ပြင်းထန်စွာခံခဲ့ရသလို နိုင်ငံတကာပွဲ ကိုးပွဲပယ်နှင့် ဘောလုံး ကစားခွင့် လေးလပိတ်ပင်သည့်ပြစ် ဒဏ်ချမှတ်ခံခဲ့ရသည်။

ဘာစီလိုနာအသင်း၏ ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်စဉ် အီတလီနောက်ခံလူ ချီလီနီ၏ ပခုံးကို ကိုက်ခဲ့သည့်ဖြစ်ရပ်အတွက် ဇနီးဖြစ်သူကိုပင် အမှန်အတိုင်းမပြော ဘဲ လိမ်ညာခဲ့မိကြောင်း ဝန်ခံပြောကြားခဲ့သည်။

ဆွာရက်ဇ်သည် ၂၀၁၄ ကမ္ဘာ့ ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် အီတလီအသင်းနှင့်ယှဉ်ပြိုင်ကစားစဉ် ချီလီနီ၏ပခုံးကိုကိုက်ခဲ့သောကြောင့် ဝေဖန်မှုများ ပြင်းထန်စွာခံခဲ့ရသလို နိုင်ငံတကာပွဲ ကိုးပွဲပယ်နှင့် ဘောလုံး ကစားခွင့် လေးလပိတ်ပင်သည့်ပြစ် ဒဏ်ချမှတ်ခံခဲ့ရသည်။

ယင်းဖြစ်ရပ် နှင့်ပတ်သက်၍ ဆွာရက်ဇ်က "ကျွန် တော့်ဇနီးက ဘာတွေဖြစ်ခဲ့တာလဲလို့ မေးတော့ ဒီအတိုင်းဝင်တိုက်မိတာလို့ ပြောပြခဲ့တယ်။ ကျွန်တော်က တကယ့်ဖြစ်ရပ်မှန်ကို လက်မခံဘဲ  ငြင်းဆန်ခဲ့တာပါ။ ဒါက တကယ်ကြီးမားတဲ့ အမှားပါပဲ။ အဲဒီအချိန်မှာ စိတ်ပညာဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အကူအညီယူခဲ့ရတယ်။ ပညာရှင်တွေအပြင် ကျွန်တော့်မိသားစုတွေ၊ ကလေးတွေနဲ့ အသင်းဖော်တွေရဲ့ အကူအညီကြောင့် အမှားကိုလက်ခံလာနိုင်ခဲ့တယ်။ ကစားသမားဘဝ ပြီးဆုံးသွားပြီလို့တောင် ထင်ခဲ့တာပါ" ဟု ပြောကြားခဲ့သည်။

READ NEXT
Cancel OK