၂၀၂၄ ကိုပါလီဘာတာဒိုးစ်ပြိုင်ပွဲတွင် ဘရာဇီးကလပ် ဘိုတာဖိုဂိုအသင်း ပထမဆုံး အကြိမ် ဗိုလ်စွဲပြီး ၂၀၂၅ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ ဝင်ခွင့်ရ ၃၂ သင်းစလုံး စုံလင်စွာထွက်ပေါ်လာပြီဖြစ်ကြောင်း သိရသည်။
တောင်အမေရိကချန်ပီယံလိဂ်ဟု ထင်ရှားသည့် ယခုနှစ် ကိုပါလီဘာတာဒိုးစ်ပြိုင်ပွဲ ဗိုလ်လုပွဲကို နိုဝင်ဘာ ၃၀ ရက်က အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေရိစ်မြို့ရှိ Estadio Munumental ကွင်း၌ ကျင်းပခဲ့သည်။ ဗိုလ်လုပွဲတွင် ဘရာဇီးကလပ် အက်သလက်တီကိုမင်နဲရိုး အသင်းနှင့် ဘိုတာဖိုဂိုအသင်းတို့ တွေ့ဆုံခဲ့ပြီး အာဂျင်တီးနားနိုင်ငံ၌ သရုပ်ပြပွဲကစားရန် ရောက်ရှိနေသည့် ဂရင်းစလင်း ၂၄ ကြိမ်ချန် ပီယံ ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်က ပွဲမစတင်မီ ဆုဖလားကို ကွင်းအတွင်းသို့ ယူဆောင်ပေးခဲ့သည်။
ပွဲအစ စက္ကန့် ၃၀ မှာပင် ဘိုတာဖိုဂို အသင်း ကစားသမားတစ်ဦး ထုတ်ပယ်ခံရသဖြင့် တစ်ယောက်လျော့သွားသော်လည်း (၃-၁) ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။ ဘိုတာဖိုဂိုအသင်းသည် သမိုင်းတစ်လျှောက် ကိုပါလီတာဒိုးစ်ချန်ပီယံဖလားကို ပထဆုံးအကြိမ် ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၅ ကလပ်ကမ္ဘာ့ ဖလားပြိုင်ပွဲဝင်ခွင့်ပါ ရရှိခဲ့ပြီဖြစ်သည်။ ကိုပါလီဘာတာဒိုးစ်ပြိုင်ပွဲတွင် ဘရာဇီးလ်ကလပ်များက နောက်ဆုံးခြောက်ကြိမ်ဆက်တိုက် ဗိုလ်စွဲနိုင်ခဲ့ခြင်းဖြစ်သည်။
၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာရှဇုန်မှ အယ်လ်ဟီလာ၊ အူရာဝရက်ဒိုင်း မွန်း၊ အယ်လ်အိန်း၊ အူလ်ဆန် HD၊ အာဖရိကဇုန်မှ အယ်လ်အာလီ၊ ဝီဒက် AC၊ တူနစ်၊ မာမီ လိုဒီဆန်းဒေါင်း၊ ကွန်ကာကပ်ဖ်ဇုန်မှ မွန်တာရေး၊ ဆီယက်တဲလ်ဆောင်းဒါး၊ လီယွန်၊ ပါချူ ကာ၊ တောင်အမေရိကဇုန်မှ ပါလ်မီးရပ်စ်၊ ဖလာမင်ဂို၊ ဖလူမင်နိစ်၊ ဘိုတာဖိုဂို၊ ရေးဗားပလိတ်၊ ဘိုကာဂျူနီယာ၊ သမုဒ္ဒရာပိုင်းဇုန်မှ အော့ကလန်စီးတီး၊ ဥရောပဇုန်မှ ချယ်လ်ဆီး၊ ရီးယဲလ်မက်ဒရစ်၊ မန်စီးတီး၊ ဘိုင်ယန်မြူးနစ်၊ PSG၊ အင်တာမီလန်၊ ပေါ်တို၊ ဘင်ဖီကာ၊ ဒေါ့မွန်၊ ဂျူဗင်တပ်စ်၊ အက်သလက်တီကို၊ ဆာလ်ဇ်ဘာ့ဂ်အသင်းနှင့် အိမ်ရှင်အမေရိကန်ကလပ် အင်တာမိုင်ယာမီအသင်းတို့ ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သည်။
၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရအသင်းများ
အာရှဇုန် ■ အယ်လ်ဟီလာ၊ အူရာဝရက်ဒိုင်းမွန်း၊ အယ်လ်အိန်း၊ အူလ်ဆန် HD
အာဖရိကဇုန် ■ အယ်လ်အာလီ၊ ဝီဒက် AC၊ တူနစ်၊ မာမီလိုဒီဆန်းဒေါင်း
ကွန်ကာကပ်ဖ်ဇုန် ■ မွန်တာရေး၊ ဆီယက်တဲလ်ဆောင်းဒါး၊ လီယွန်၊ ပါချူကာ
တောင်အမေရိကဇုန် ■ ပါလ်မီးရပ်စ်၊ ဖလာမင်ဂို၊ ဖလူမင်နိစ်၊ ဘိုတာဖိုဂို၊ ရေးဗားပလိတ်၊ ဘိုကာဂျူနီယာ
သမုဒ္ဒရာပိုင်းဇုန် ■ အော့ကလန်စီးတီး
ဥရောပဇုန် ■ ချယ်လ်ဆီး၊ ရီးယဲလ်မက်ဒရစ်၊ မန်စီးတီး၊ ဘိုင်ယန်မြူးနစ်၊ PSG၊ အင်တာမီလန်၊ ပေါ်တို၊ ဘင်ဖီကာ၊ ဒေါ့မွန်၊ ဂျူဗင်တပ်စ်၊ အက်သလက်တီကို၊ ဆာလ်ဇ်ဘာ့ဂ်
အိမ်ရှင်အသင်း ■ အင်တာမိုင်ယာမီ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
