ခရစ္စတယ်ပဲလေ့စ်နောက်ခံကစားသမား ဂူဟီအား ခေါ်ယူရန် ချယ်လ်ဆီးအသင်း စီစဉ်
24htopnews | December 2, 2024 1:12 AM CST
ချယ်လ်ဆီးအသင်းသည် ခရစ္စတယ်ပဲလေ့စ်နောက်ခံကစားသမား ဂူဟီအား ခေါ်ယူရန်စီစဉ်နေကြောင်း သိရသည်။
အင်္ဂလန်နောက်ခံကစားသမား ဂူဟီ(၂၄ နှစ်)အား ပြီးခဲ့သည့် နွေက နယူးကာဆယ်အသင်းကခေါ်ယူရန် ကြိုးပမ်ခဲ့ပြီး ခရစ္စတယ်ပဲလေ့စ် က ကြေးကြီးတောင်းဆိုမှုကြောင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရသည်။
ယခုအခါ ဂူဟီအား ခေါ်ယူရန် ချယ်လ်ဆီး အသင်းကပါ စိတ်ဝင်စားလာခြင်းဖြစ်သည်။ ဂူဟီသည် ချယ်လ်ဆီးအကယ်ဒမီထွက်ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် ခရစ္စတယ်ပဲလေ့စ်သို့ ပေါင် (၁၈)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ ခရစ္စတယ်ပဲလေ့စ်အသင်းသည် ဂူဟီအတွက် ပေါင်သန်း (၈၀) အလိုရှိနေကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် အသင်းတွင် ခြေစွမ်းပြနိုင်ခြင်းမရှိသည့် ယူကရိန်းတောင်ပံကစားသမား မူဒရစ်အား လာမည့်ဇန်နဝါရီတွင် အရှုံးခံရောင်းထုတ်ရန် အသင့်ရှိနေကြောင်းလည်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
