အသင်းတွင် အာနိုးလ် ဆက်ရှိမည်ဟု ယုံကြည်ကြောင်း လီဗာပူးလ်အသင်း၏ ကစားသမားဟောင်းဖြစ်သူ ကာရေဂါ ပြောကြား
24htopnews | December 2, 2024 1:12 AM CST
လီဗာပူးလ်အသင်း၏ ကစားသမားဟောင်း ကာရေဂါက ရီးယဲလ်အသင်းထံ ပြောင်းရွှေ့မည်ဟု သတင်းထွက်နေသည့် အင်္ဂလန်နောက်ခံလူ အာနိုးလ်အနေဖြင့် အသင်းတွင် ဆက်ရှိမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
"အသင်းနဲ့ သက်တမ်းမတိုးဘဲ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရီးယဲလ်ကို ထွက်ခွာသွားခဲ့ရင် အပြစ်တင်ခံရမှာကို သူ အရမ်းစိုးရိမ်နေတယ်လို့ ထင်ပါတယ်။ ဒါကြောင့် သူ အသင်းမှာ ဆက်ရှိမယ်လို့ ယုံကြည်ပါတယ်"ဟု ကာရေဂါက ဆိုခဲ့သည်။
အာနိုးလ်သည် ရီးယဲလ်မက်ဒရစ်အသင်း၏ ပစ်မှတ်ထားခြင်းကို ခံနေရပြီး အသင်းနှင့်လည်း ရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးရန် နီးစပ်နေချိန်အထိ သက်တမ်းတိုးရန် အဆင်မပြေဖြစ်နေကြောင်းသိရသည်။
လီဗာပူးလ်အသင်းသည် အာနိုးလ်နေရာတွင် အစားထိုးရန်အတွက် လေဗာကူဆင်အသင်း၏ နယ်သာလန်လက်ရွေးစင်ကစားသမား ဖရင်ပေါင်အား စိတ်ဝင်စားနေကြောင်းလည်း သိရှိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
