ကျင်းပပြီးစီးခဲ့သည့် ၂၀၂၄ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲတွင် ဒုတိယဆုရခဲ့သည့် တက္ကသိုလ်အသင်းသည် လာမည့်ရာသီတွင် MNL သို့ တန်းတက်ကစား ခြင်းရှိမရှိ ပြန်လည်အတည်ပြုမည်ဖြစ်ကြောင်း သိရသည်။
တက္ကသိုလ်အသင်းသည် ၂၀၂၂ ရာသီ တွင် MNL-2 ချန်ပီယံဆု၊ ၂၀၂၃ ရာသီတွင် ဒုတိယဆုရရှိကာ MNL သို့ တန်းတက်ခွင့် နှစ်ကြိမ်ရခဲ့သော်လည်း တန်းတက်ကစားခြင်း မရှိဘဲ MNL-2 တွင်သာ ဆက်လက်ကစားခဲ့သည်။
ယခုရာသီတွင်လည်း ဒုတိယနေရာ ရခဲ့သဖြင့် MNL သို့ တန်းတက်ကစားခွင့်ရထားသော်လည်း တက္ကသိုလ်အသင်းအနေဖြင့် တန်းတက်ကစားခြင်းရှိမရှိ ပြန်လည်အတည်ပြုမည်ဖြစ်သည်။ တက္ကသိုလ်အသင်း တန်းတက်ကစားခြင်းရှိမရှိ ပြန်လည်အတည် ပြုမည်ဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ပြောကြားခဲ့သည်။
တက္ကသိုလ်အသင်းသည် နှစ်ရာသီဆက်တိုက် တန်းတက်ကစားခြင်းမရှိသဖြင့် ၂၀၂၂ ရာသီတွင် ဒဂုံစတားယူနိုက်တက်အသင်း၊ ၂၀၂၃ ရာသီတွင် Dagon Port အသင်းတို့က အစားထိုးတန်းတက်ခွင့်ရခဲ့သည်။
တက္ကသိုလ် အသင်းသည် လာမည့်ရာသီတွင် MNL သို့ တန်းတက်ကစားခြင်းမရှိပါက တတိယဆုရသည့် ရာမညယူနိုက်တက်အသင်းက အစားထိုး တန်းတက်ကစားခွင့်ရမည်ဖြစ်ပြီး တန်းတက်ကစားပါက အသင်းသမိုင်းတစ်လျှောက် ပထမဆုံး MNL တွင် ကစားခွင့်ရရှိခြင်းဖြစ်လာမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
