မန်ယူ နှင့် မန်စီးတီး(ဗုဒ္ဓဟူးနံနက် ၂း၁၅ နာရီ)
အရေးကြီးတဲ့ မန်ချက်စတာဒါဘီပွဲစဉ်ရောက်မှ မန်ယူအသင်းမှာ ဒဏ်ရာပြဿနာတွေများနေတယ်။ ဒါပေမဲ့ မာစီယဲလ်၊ လင်ဂတ်၊ လုခ်ရှောတို့က ဖျားနာနေတာပဲဖြစ်လို့ ဒီပွဲမှာတော့ ပြန်လည်ပါဝင်လာဖို့ရှိတယ်။ အဓိကနောက်ခံလူ မက်ဂွိုင်းရားကတော့ ကြံ့ခိုင်မှုပြဿနာရှိနေတယ်လို့ နည်းပြ ဆိုးလ်ရှားကိုယ်တိုင် ဝန်ခံထားပြီး မကစားနိုင်ရင်တော့ လင်ဒီလော့ဖ်-ဖီးလ်ဂျုံးစ်အတွဲပဲ ထုတ်သုံးရဖို့များတယ်။ မန်စီးတီးနည်းပြ ဂွါဒီယိုလာက FA ဖလားပွဲမှာ အရန်တွေပဲထုတ်သုံးခဲ့ပြီး အခုပွဲအတွက် အသေအချာ ပြင်ဆင်ထားပုံရတယ်။ နောက်တန်းမှာ Four Backs ပြန်သုံးဖို့ရှိပြီး တိုက်စစ်မှာ ဂျေးဇူး၊ စတာလင်၊ မာရက်ဇ်တို့နဲ့ ပွဲထွက်လာဖို့ သေချာသလောက်ရှိပါတယ်။ နောက်ဆုံးကစားတဲ့ (၁၇)ပွဲမှာ Clean Sheet (၂)ပွဲသာရထားတဲ့ မန်စီးတီးခံစစ်က မန်ယူအသင်းရဲ့ Counter တွေကို ထိန်းချုပ်နိုင်ခြင်း ရှိ၊ မရှိဆိုတာ အခုပွဲရဲ့ အဓိကအဆုံးအဖြတ်ဖြစ်နိုင်တယ်။ မန်စီးတီး ဂိုးပြတ်အနိုင်ရဖို့ မလွယ်လို့ မန်ယူကိုပဲ ရွေးချယ်တာ ပိုကောင်းမယ်ထင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
